18

13.1K 719 58
                                    

Unicode





ကုတင်ပေါ် စိတ်ရှိလက်ရှိ ပစ်တင်ချလိုက်တော့ အမူးသမားက အင့်ကနဲ့ထအော်သည် ။ နှုတ်ခမ်းကလည်း ပွစိပွစိနဲ့ဘာတွေပြောနေမှန်းမသိပေ ။ ထိုနှုတ်ခမ်းတွေက ကြာကြာငေးမိလျှင် ဆာလောင်လာစေတာဘဲလား ။ စိုင်းရေဆာလာပြန်ပြီ ။

အနားကို တိုးကပ်သွားပြီး အုပ်မိုးကြည့်နေမိရင်း မြူဒေါင်းလည်ပင်းပေါ်က အနီကွက်အား သေချာစူးစိုက်ကြည့်မိသည် ။ ကြည်လင်နေတဲ့ စိတ်က ချက်ချင်းလူထသတ်ချင်လာသည် ။ အမူးသမားကိုယ်အား ဆောင့်ဆွဲလိုက်ပြီး ရေချိုးခန်းထဲဆွဲခေါ်ခဲ့လိုက်၏ ။

တစ်ရွတ်တိုက်ပါလာတဲ့ အမူးသမားလေးက ရေချိုးခန်းထဲအထိ ကြမ်းကြမ်းတမ်းတမ်းဆွဲခေါ်ခံလာရပြီး ရေပန်းနဲ့အပက်ခံနေရသည် ။ စိုင်းက မြူဒေါင်းကိုယ်ကို သေချာလိုက်ကြည့်ပြီး ဒေါသတွေထွက်နေခဲ့သည် ။

"အဲ့မှာကတည်းက သတ်ပစ်ခဲ့ရမှာ မြူဒေါင်းငယ် မင်းကိုယ်ပေါ်မှာအရာထင်စေခဲ့တဲ့ကောင်ကို ငါသတ်ပစ်ခဲ့ရမှာ! ''

"အဟွတ်...မွန်းတယ် လွှတ်ပေး''

"မြူဒေါင်းငယ်! မင်းဘာလို့ အဲ့ကောင်နောက်လိုက်သွားရတာလဲ ဟမ်! ငါမေးနေတယ်လေ''

"အာ့! ဟင့် နာတယ် ''

လက်မောင်းကို အတင်းဆွဲယမ်းကာအော်မေးနေတော့ နာနေပုံရတဲ့ကောင်လေးက မျက်လုံးမပွင့်ဘဲ မျက်နှာလေးမဲ့နေသည် ။ မျက်တောင်ကော့ကော့တွေပေါ်က ရေစက်တွေဟာ အောက်သို့စီးကျနေပြီး လည်တိုင်တစ်လျှောက် ဆင်းကျသွားသည်ကို စိုင်းလိုက်ကြည့်နေမိသည် ။

ဂလု......

ချောမွတ်နေတဲ့ ညှက်ရိုးလေးကို ကြည့်ရင်း စိုင်း၏သွားများယားလာရသည် ။ စိတ်ရှိတိုင်းကိုက်ခဲငုံထွေးပစ်ချင်သည့်စိတ်တွေက စိုင်းတောင်သိလိမ့်မည်မဟုတ်ပေ ။ လက်တွေက အထိန်းချုပ်မဲ့ကာ နှုတ်ခမ်းအိအိလေးအား သွားပြီးထိတွေ့မိပြန်သည် ။

"အဟီး.....ကိုကို''

သွားပြီး....စိုင်းတခေတ်၏ ခံနိုင်ရည်အားတွေတော့ ကြယ်ရောင်လို တစ်ဖိတ်ဖိတ်တောက်နေတဲ့အပြုံးလှလှလေးကြောင့် ကုန်ဆုံးသွားချေပြီး ။

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now