Unicode
အိမ်ထဲကိုကားဝင်ဝင်ချင်း လက်ကိုခါးထောက်ပြီးကြည့်နေတဲ့ ပျို၏အဖေအား မသိချင်ယောင်ဆောင်ကာ အပေါ်တက်ဖို့လုပ်နေရင်း ဖေဖေက...
''ဒါဘယ်လဲ ထိပ်ထားပျို!''
''အပေါ်တက်မလို့ပါ ဖေဖေ''
''နင်က အဖေတစ်ယောက်လုံးရှိနေတာကိုတောင် ဂရိုက်မစိုက်ဘူးပေါ့လေ''
''အဲ့လိုမျိုးမဟုတ်ပါဘူး သမီးပင်ပန်းလာလို့ပါ''
''ဟမ့်.....ပင်ပန်းမှာပေါ့ ငါခိုင်းတာကျမလုပ်ဘဲ အရေမရအဖက်မရအလုပ်တွေနဲ့ဘဲ အလေလိုက်နေတာကို''
''ဖေဖေ့!''
''နင်မနက်ဖြန် မောင်စိုင်းတခေတ်စီသွားလိုက် ထပ်ထား''
''သမီးပြောပြီးပြီမလားဖေဖေ သမီးသူ့စီမသွားချင်ဘူးလို့''
''မရဘူး နင်သွားကိုသွားရမယ်ထိပ်ထား နင်မောင်စိုင်းတခေတ်ကိုလက်ထပ်နိုင်မှ ငါတို့သားအဖဘဝကအေးဆေးနေနိုင်မယ်ဆိုတာမသိဘူးလား''
''ခုရော သမီးတို့ကမွဲနေပြီမို့လို့လား ဖေဖေ''
''အေး မကြာခင်မွဲတော့မှာ။ငါ့လုပ်ငန်းတွေက အခုအရှုံးပေါ်နေပြီထိပ်ထား။ ငါတို့ကိုကူညီနိုင်မှာ သူတစ်ယောက်ဘဲရှိတယ်။ အဲ့တော့နင်သူ့ကိုရအောင်ယူရမယ်''
''သမီးမလုပ်နိုင်ဘူး''
''မလုပ်နိုင်ရင် ငါ့အိမ်မှာမနေနဲ့ ငါ့ကိုလဲအဖေလို့မခေါ်နဲ့။ နင့်ကိုဒီအရွယ်ထိ ပျိုးထောင်ပေးလာခဲ့တဲ့ငါ့ကို ဒီလောက်လေးတောင်ကျေးဇူးမဆပ်နိုင်ဘူးလား ထိပ်ထား!''
ပျိုဘာမှထပ်ပြောချင်စိတ်မရှိတော့လို့ အပေါ်ထပ်အခန်းစီကိုသာပြေးတက်လာခဲ့တယ်။ ကိုယ်မချစ်တဲ့သူ၊ကိုယ့်ကိုလည်းမချစ်တဲ့သူတစ်ယောက်အနားမှာတစ်သက်လုံး နေသွားရတာဟာသူ့အတွက်တော့ ငရဲခန်းလိုပဲ ။သူအခုလူတစ်ယောက်ကို ရင်ခုန်နေမိခါမှ တစ်ခြားလူတစ်ယောက်ကိုယူရမယ်တဲ့လား။ သူမဘဝအတွက်တစ်သက်လုံးမပျော်မရွှင်နဲ့နေသွားရမဲ့အကြောင်းပြချက်က ကျေးဇူးကြွေးတဲ့လေ။အဟက်.....ရင်တွေနာလိုက်တာ။
YOU ARE READING
𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }
Romanceစိုင်းတခေတ်မှိုင်း မြူဒေါင်းစိုင်းငယ် 26.8.2022 ဤစာပေသည်စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည် ။ မည်သူ့ကိုမှ ထိခိုက်နစ်နာလိုစိတ်မရှိပါ။