Unicode
မနက် 6:14
ခါတိုင်းလိုမျိုး မြူဒေါင်းအိပ်ရာမှထပြီး ပြတင်းပေါက်တံခါးကိုဆွဲဖွင့်လိုက်တယ်။အပြင်မှာလည်း မိုးဖွဲဖွဲလေးရွာနေတုန်း ကောင်းကင်ကြီးကလည်းခုထိ အုံ့မှိုက်နေသေးတယ်။မိုးက ဒါနဲ့ဆိုသုံးရက်ရှိပြီ ဆက်တိုက်ဒီလိုပဲရွာနေခဲ့တာ။ မြူဒေါင်းမျက်နှာထသစ်ပြီး ရေချိုးခန်းထဲမှာ ရေနွေးနွေးလေးစပ်ပြီးချိုးရတယ်။ အခုမှဆောင်းဝင်ကာစဆိုပေမဲ့ မိုးအေးအေးနဲ့ လွှတ်ချမ်းနေတော့တာပဲ။
ရေချိုးပြီးသွားတော့မှ အဝတ်စားသေချာလဲပြီးပဲ ဘုရားခန်းဝင်ဘုရားရှိခိုးရတယ်။
ဩကာသ၊သြကာသ၊သြကာသ......
တစ်အိမ်လုံး မြူဒေါင်းငယ်၏ဘုရားရှိခိုးသံကြောင့် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေတော့သည်။ဘုရားရှိခိုးပြီးသွားတော့ ပုတီးစိပ်ပြီးတရားထိုင်နဲ့ဘဲ 7နာရီနဲ့15မိနစ်အချိန်အတိတောင်အချိန်ရှိသွားပြီမို့ အောက်ထပ်ဆင်းပြီးထမင်းစားခန်းသို့ဝင်၍ ချက်ပြုတ်နေသောဒေါ်ညွှန့်အား အပြုံးနဲ့နှုတ်ဆက်နေတဲ့ မြူဒေါင်းငယ်။
ဒေါ်ညွှန်က မြူဒေါင်းငယ်ကိုကြည့်ပြီးသဘောကျလို့ ပြုံးမိပါသည်။ဒီကလေးက တအားလိမ်မာတဲ့ကလေး။မိဘအပေါ်လည်းသိတတ်တယ်။ ယဥ်ကျေးတာလည်း အရမ်းပါပဲ။စိတ်ထားလေးက အမြဲဖြူစင်ပြီးရိုးသားလွန်တဲ့ကလေးလေးပါလေ။ကြည့်လိုက်တာနဲ့ လူကိုစိတ်ရွှင်လန်းစေတယ်။ဒီလိုကလေးလေးကိုမှ အကိုလေးစိုင်းတခေတ်က ဘာကြောင့်မုန်းနိုင်နေရတာလည်း သူမစဥ်းစားလို့ကိုမရဘူး။
''ဒေါ်လေး....သားဘာကူရဦးမလဲဟင်''
''မကူရပါဘူး သားရယ်။ဒေါ်လေးပြီးပါပြီကွယ်''
''ရပါဘူး သားကကူချင်လို့ဟာကို ဒေါ်ဒေါ်ကလည်း''
ဒီကလေးကအဲ့လိုပဲ သူခင်တွယ်ရတဲ့သူတွေအပေါ်ဆို ဒီလိုလေးလည်း ချွဲတတ်ပါသေးတယ်။
''ဒေါ်လေးက တကယ်မလိုလို့ပြောတာပါကွယ်။နောက်ပြီးသားက အလုပ်သွားရအုံးမှာမလား။သွား သွား ခုံမှာပဲသွားထိုင်နေ မနက်စာဒေါ်လေးပြင်ပေးမယ်''
YOU ARE READING
𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }
Romanceစိုင်းတခေတ်မှိုင်း မြူဒေါင်းစိုင်းငယ် 26.8.2022 ဤစာပေသည်စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည် ။ မည်သူ့ကိုမှ ထိခိုက်နစ်နာလိုစိတ်မရှိပါ။