44

5.1K 316 51
                                    

Unicode





44

doctor ကျော်စွာအောင်က မေ့မြောနေတဲ့လူနာတဲ့ စမ်းသပ်လို့ပြီးသွားတော့ နောက်ကသူငယ်ချင်းဖြစ်သူ ရာဇာလွှမ်းခေါင်ထဲ မသင်္ကာသလို စိုက်ကြည့်၏။ ရာဇာလွှမ်းက ပြာပြာယာယာဘဲ။

''မင်းထင်နေသလို မဟုတ်ဘူးနော်။ သူကငါ့ကားရှေ့မေ့လဲနေလို့ ခေါ်လာတာကွ။ အဲ့မျက်ခွက်ကြီးနဲ့ လာမကြည့်နဲ့ကွာ''

''ဒီကောင်လေးက rape ခံထားရတဲ့ပုံဘဲ။ ငါတို့ရဲကိုအကြောင်းကြားသင့်တယ်။ ဒါပေမယ့် မဆင်မခြင်မလုပ်နဲ့ မင်းဘဲနာမည်ပျက်မှာ''

''အင်း ငါသိတယ် ''

''သူသတိရလာမှ ငါတို့မေးကြည့်ကြတာပေါ့''

ရာဇာလွှမ်းက ခေါင်းညိမ့်ပြ၏။ အိပ်ယာထဲက သူစိမ်းကောင်လေးကိုကြည့်ပြီး သနားစိတ်နဲ့စိုးရိမ်စိတ်က မြင့်တက်လာသည်။

မြူဒေါင်းငယ်က အိမ်မက်ထဲမှာ စိုင်းတခေတ်မှိုင်းဆီကလွတ်မြှောက်အောင် ပြေးလွှားနေပေမဲ့ ထိုလူ့ထံဘဲ ပြန်အဖမ်းခံနေရပြန်တယ်။ ကယောင်ကတန်းတွေ အော်ဟစ်ရင်း လန့်နိုးလာခဲ့၏။

''ဟင့်အင်း! မလုပ်ပါနဲ့ တောင်းပန်ပါတယ် လွှတ်ပေးပါ အား! လွှတ်လို့''

မျက်ရည်တွေစီးကျလာပြီး ရင်ဘတ်တစ်ခုလုံး မွန်းကြပ်လာကာ ပတ်ဝန်းကျင်ကို အထိတ်တလန့်ပြန်ကြည့်မိတယ်။ သူဘယ်ရောက်နေတာလဲ ကားတစ်စီးကသူ့ရှေ့မှာပေါ်လာပြီး သူဘာမှမမှတ်မိတော့ဘူး။ အခုသူက ကုတင်ပေါ်မှာ မဟုတ်မှ ကိုကိုဆီပြန်မိသွားခဲ့တာလား။

''မင်းသတိရလာပြီလား''

''ဘယ် ဘယ်သူလဲ''

''ကိုယ့်နာမည် ရာဇာလွှမ်းခေါင် ။ မင်းကိုယ့်ကားရှေ့ လဲကျသွားလို့ ကိုယ့်အိမ်ခေါ်လာတာ''

''...........''

သူ့နာမည်ကြားတာတောင် နည်းနည်းလေးမှအရောင်မပြောင်းသွားတဲ့ မျက်နှာလေးကြောင့် ရာဇာလွှမ်း မျက်လုံးတွေမှေးကျဥ်းသွားရ၏။ သူ့လိုနာမည်ကျော် တစ်ယောက်ရဲ့အိမ်ရောက်နေတာတောင် နည်းနည်းလေးမှ အံ့ဩမသွားတာလား။ ရာဇာလွှမ်းက စိတ်ထဲမကျေမနပ်ဖြစ်သွားတယ်။ သူဒီထက်နာမည်ကြီးဖို့ လိုနေသေးတယ်ထင်တယ်။ ဒီကောင်လေးက သူ့ကိုမသိဘူးတဲ့။

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now