38

8.7K 450 53
                                    

Unicode






(warning - အသက်မပြည့်သေးတဲ့ကလေးများဖတ်ရန်မသင့်တဲ့အပိုင်းများအနည်းငယ်ပါတာကြောင့် ကြိုတင်သတိပေးပါတယ်ရှင့်)

ဆောင်းတွင်းကြီး ရွာနေတဲ့မိုးကတဖွဲဖွဲနဲ့ ချမ်းပြီးအေးစိမ့်စိမ့်နဲ့ နေလို့ကောင်းသည့်နေ့တစ်နေ့ဖြစ်သည်။ မီကလမ်းမှာဝယ်လာသည့် ကော်ဖီပူပူနှစ်ခွက်ကိုကိုင်ပြီး အဖြူရောင်ထီးကိုကိုင်လျက် ကားထဲပြန်ဝင်လာသည်။

''စောင့်ရတာ ကြာသွားလား''

''ဟင့်အင်း....''

''ရော့....ပူတုန်းသောက်လိုက်နော်''

''အင်း.....''

ကမ်းလာတဲ့ကော်ဖီခွက်လေးက အငွေ့တထောင်ထောင်နဲ့မို့ပါးစပ်ဖျားလေးနဲ့ မှုတ်ပြီးတစ်ငုံမော့သောက်လိုက်သည်။ ဘေးကမီကတော့ ပျိုအားခပ်ပြုံးပြုံးလေးငေးနေတာမလို့ ပျိုကသက်ပြင်းရှိုက်လိုက်ပြီး။

''တို့ကို ဘာမှမမေးတော့ဘူးလား မီ''

''ဟင့်အင်း.....ခင်ဗျားကိုအနေမခက်စေချင်ဘူး။ ကိုယ့်ဟာကိုယ်ပဲစုံစမ်းလိုက်ပါ့မယ်''

''တို့အမှန်တိုင်းဖြေမယ်ဆိုရင်ရော မင်းကခွင့်လွှတ်ပေးမှာလား''

''ခင်ဗျားကို ယုံတယ် ''

''.........''

ပြောစရာစကားလုံးများ ပျက်ရှလျက် ပျိုမျက်ဝန်းများစိုစွတ်လာသည်။ အေးစိမ့်စိမ့်ရာသီဥတုကြီးဖြစ်နေတာတောင်မှ သူမရင်ထဲအနွေးလှိုင်းလေးဖြတ်ကူးသွားရပါသည်။

''တို့......တို့အဲ့လို မဖြစ်ချင်ခဲ့ပါဘူး။ ဒါပေမဲ့......ဒို့မှာရွေးချယ်စရာမှမရှိတာ ဟင့်!''

''ရပြီ.....ဆက်မပြောနဲ့တော့ ။ခင်ဗျားကို ယုံပြီးသားပါ ပျို''

''ကျေးဇူးပါ မီ။ တို့မင်းကို အရမ်းကျေးဇူးတင်ပါတယ် တို့ကိုယုံကြည်ပေးလို့''

မီဟာ ပျိုမျက်ဝန်းတွေကိုစူးစိုက်ကြည့်လျက် နွေးထွေးစွာပြုံးပြလိုက်ပြီး သူမလက်တွေကိုဆုပ်ကိုင်ပစ်လိုက်သည်။ ခင်ဗျားကိုယုံကြည်ပြီးသားပါ ခင်ဗျားက မီရဲ့တစ်ခုတည်းသော ယုံကြည်ရာပါ။

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now