40

11.9K 496 58
                                    

Unicode






ရုံးခန်းထဲရောက်တော့ ကိုကိုကမြူ့ကိုဆိုဖာပေါ် အသာချပေးပြီးမြူ့ရဲ့ဖိနပ်အဖြူလေးကိုချွတ်ကြည့်တော့ ခြေမျက်စိနားလေးကရဲနေတာကိုတွေ့သွားသည်။ မကျေမနပ်မျက်နဲ့ တောက်ခေါက်ပြီးချက်ချင်းထ၍ ဆေးဘူးသွားယူလာသည်။ ခြေထောက်ကိုဂရုတစိုက်နဲ့ဆေးသေချာလိမ်းပေးနေတဲ့ကိုကို့ကို မြူမမှိတ်မသုန်စိုက်ကြည့်နေမိတာကိုတော့ ကိုရိုကသတိမထားမိသေးပေ။ မြူ့ခြေထောက်ကနာနေပေမဲ့ ကိုကို့၏အစိုးရိမ်လွန်ကာ ကြင်ကြင်နာနာ ဂရုစိုက်ပေးနေတဲ့ပုံစံကိုမြင်တွေ့ခွင့်ရလိုက်တာကြောင့် တန်သည်လို့မြင်မိ၏။

ခြေထောက်နာရတော့ရောဘာအရေးလည်းကိုကို ကိုကိုရဲ့ဂရုစိုက်မှုတွေနဲ့ ကြင်ကြင်နာနာဆက်ဆံခံရမယ်ဆိုလျှင် ကျွန်တော်သေရမှာတောင်မကြောက်ချင်တော့ဘူး။

''အရမ်းနာနေသေးလား''

''ဟင့်အင်း....သိပ်မနာတော့ဘူးကိုကို''

''ကျစ်! ဘာလို့လိမ်နေတာလဲ မြူဒေါင်းငယ်။မင်းခြေထောက်က ဒီလောက်ရဲပြီးယောင်နေတာကို!''

''ကိုကိုက သားကိုစိတ်ပူလို့လားဟင်''

ဝန်မခံချင်သည့်ကိုကိုက နားတွေရဲကာတစ်ဖက်သို့ မျက်နှာလွှဲပစ်လိုက်ပါ၏ ။ကိုကိုဝန်မခံချင်လည်း မြူသိပါတယ်ကိုကို ။

''မပူပါဘူး ကိုယ့်ရုံးမှာဖြစ်တာဆိုတော့ ကိုယ့်မှာတာဝန်ရှိလို့!''

ကိုကိုကလိမ်နေပေမဲ့ မြူကြောင့်ကိုကို့နှလုံးသားလေး အရည်ပျော်လာပြီဆိုတော့ မြူသိနှင့်နေပါပြီ။ စိတ်ချပါကိုကို ကိုကိုဝန်မခံလည်းမြူကိုယ်တိုင်ကိုကို့နှလုံးသားတံခါးကိုလာခေါက်ပေးမှာမို့ ကိုကို့နှလုံးလေးမြူအတွက်အမြန်ဆုံးနိုးထလာပေးပါ။

''ကိုကို....''

''အင်း''

''သားကို ချစ်ကြည့်ပါလားဟင်''

''ဟမ်! ဘာကိုလဲ ''

''ကိုကိုက သားကိုတစ်ခါမှ ချစ်တယ်လို့ဝန်မခံဖူးဘူး။သားမေးတိုင်းလည်း ကိုယ်ကမင်းကိုသဘောကျတာပါလို့ပဲ အမြဲပြောနေတာ သားတို့တွဲတာကလည်း ကိုကိုသားကိုသဘောကျရုံပဲလားဟင်''

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now