23

11.5K 640 75
                                    

Unicode







လူပုံအလည်မှာ အကြည့်တွေဝိုင်းအုံခံနေရတဲ့ မြူဒေါင်းမှာ လက်ဖျားလေးတွေက အေးစက်စွာဘဲ ။ ကျလုလု မျက်ရည်တွေကို တင်းခံကာ ကိုကိုပြောသမျှ ငြိမ်နေရသည် ။

အဆင့်အတန်း လူတွေက ဒီအဆင့်အတန်းကိုမျှ အလေးထားတတ်ကြတာလား ။ မေမေပြောခဲ့ဖူးတဲ့ အလေးထားမှုက စိတ်ရင်း စေသနာသာ အဓိကပါဆို ဒါကြောင့် ငါအမြဲတမ်း စေသနာထားတတ်အောင်ကြိုးစားနေခဲ့တာ ဒါပေမဲ့ ဒီကလူတွေမှာတော့ ဂုဏ်အဆင့်အတန်းကိုဘဲ မက်မောတွယ်တာကြသည်လေ ။

"ဘာလို့လဲ ကိုကို''

တိုးညှင်းလှသည်မို့ စိုင်းသေချာမကြားလိုက်ပါ မြူဒေါင်းက ခေါင်းကိုငုံ့ချကာ ရှိုက်နေရင်းထပ်ပြောလာသည် ။

"ဘာလို့လဲ ဘာလို့ ကျွန်တော့်ကို အဲ့လောက်ရက်စက်ချင်နေရတာလဲကိုကို ကျွန်တော်က ဘာအမှားလုပ်မိလို့လဲ ''

"ငါက မင်းကို ဘာတွေရက်စက်နေလို့လဲ''

"ဒီလိုမျိုး လူတွေရှေ့မှာ ဘာလို့ အရှက်ခွဲရတာလဲ!''

"အဟက်! မုန်းလို့ မင်းအမေရော မင်းရောငါမုန်းလို့ ၊ မင်းမြဲမြဲမှတ်ထား မြူဒေါင်းငယ် ငါမင်းတို့သားအမိကြောင့် စိတ်ဆင်းရဲခဲ့ရသလို မင်းတို့လဲ စိတ်ချမ်းသာရမယ် မထင်နဲ့ မင်းရဲ့ပျော်ရွှင်မှုမှန်သမျှ ငါအကုန်ဖျက်ဆီးမှာ''

"ကောင်းပါပြီ ကိုကို ကျွန်တော်တို့က ကိုကို့ရဲ့ပျော်ရွှင်မှုကို ဖျက်ဆီးစေခဲ့မိလို့ မုန်းမယ်ဆိုရင်လဲ ကျွန်တော်ဘက်က ဘာမှထပ်ပြီး အထွန့်မတက်တော့ပါဘူး''

မြူဒေါင်းဆက်နေချင်စိတ်မရှိတော့သည်မို့ လူတွေနဲ့ဝေးရာဘက်ကိုသာ ပြေးထွက်လာမိသည် ။ ဆက်ထိန်းချင်စိတ်မရှိတော့ပြီမို့ မျက်ရည်လေးတွေကလည်း ကျဆင်းလာစေပြီ ။ သစ်ပင်ကြီးတစ်ပင်အောက်မှာ ထိုင်ချပြီး ငိုနေမိ၏ ။

သူ့ရင်ဘတ်ထဲမှာ နာလှပြီ ကိုကို့၏ မုန်းတယ် စကားကိုကြားရတာ သေမတတ်နာစေသည် ။ ဘာလို့လည်း သူသိပ်ချစ်မိနေသူကမှ ဘာလို့ သူ့ကိုမုန်းနေရတာလဲ ။ မတရားဘူး ဖူးစာရယ် ဒီလို ကံကြမ္မာနဲ့ ဆုံစေခဲ့တဲ့ ခင်ဗျား မတရားဘူး ဖူးစာရှင်ရာ ။

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now