Unicode
လူကြီးကိုစိတ်ဆိုးပြေပြီးကတည်း နိုရာမျက်နှာဟာ တပြုံးပြုံးနဲ့နွားပွဲစားလိုပဲ။ ဘေးကမြူဒေါင်းမှာတော့ဆန့်ကျင်ဘက် မျက်နှာကညှိုးငယ်နေတယ်။
''မြူလေး....''
''ဟင်....ဘာလဲ နိုရာ''
''နင်ဘာတွေဖြစ်နေတာလဲဟင် မျက်နှာလည်းမကောင်းဘူး''
''ဒီလိုပါပဲ နိုရာရယ်။ဘာမှမဖြစ်ပါဘူး။စိတ်မပူနဲ့နော်''
''မပူလို့ရမလား နင်ကခါတိုင်းမျက်နှာလေးက ပြုံးရွှင်နေတတ်တာလေ။ မဟုတ်မှ ဟိုလူကနင့်ကို အနိုင်ကျင့်ပြန်ပြီလား''
''သူကငါ့ကို မုန်းနေတာပဲလေ။ အနိုင်ကျင့်တာ မဆန်းပါဘူး ''
မြူဒေါင်းငယ်မှာ ဝမ်းနည်းစိတ်ကပိုလို့လှိုင်းထလာမိသည်။ငိုချင်စိတ်ကမနည်းထိန်းရင်း ဘာမှမဖြစ်သလိုဟန်ဆောင်နေရသည်။နိုရာကလည်း ဒါကိုရိပ်မိ၏။
''ဘာဖြစ်ဖြစ်နင့်ဘေးမှာ ငါအမြဲရှိတယ်နော်သိလား။ ငါကနင်ရဲ့ သူငယ်ချင်းကောင်းလည်းဖြစ်သလို နင့်ရဲ့ညီအကိုကောင်းလည်းဖြစ်တယ်ဆိုတာမှတ်ထားနော်''
''အင်းပါ နိုရာ။ငါ့ဘေးမှာ ရှိပေးလို့ နင့်ကို ကျေးဇူးတင်ပါတယ် ''
''မလိုပါဘူးဆိုနေ....။ဒါနဲ့ နင့်မွေးနေ့ရောက်တော့မှာမလား မြူလေး။နင်ဘာလိုချင်လဲ မွေးနေ့ကျ''
''ဘာမှလိုပါဘူးဟာ ''
''မလိုလို့မရပါဘူး။ အဲ့နေ့ကျ နင့်ကို လက်ဆောင်ပေးဖို့ငါကြိုစဥ်းစားထားရမယ် အဟီး''
''တန်ဖိုးကြီးတာတွေပေးရင် ငါမယူဘူးနော် နိုရာ''
''အေးပါဟာ သိပ်စျေးမများတာဆိုရတယ်မလား''
''အင်း....''
''အဲ့ဆိုထ...ငါတို့စိတ်ပြေလက်ပြောက် ခွင့်ယူပြီးလျှောက်လည်ကြမယ်''
''ဖြစ်ပါ့မလား boss ကဆူလိမ့်မယ်''
မြူဒေါင်းက ခပ်ရို့ရို့မေးတော့ နိုရာကတခစ်ခစ်ရီပြန်သည်။သူ့လူကြီးကို သူပိုင်ပါတယ်ဆိုတဲ့အထာမျိုးနဲ့။
''လာစမ်းပါ ငါရအောင်ပြောပါ့မယ်''
''အင်းပါ ''
YOU ARE READING
𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }
Romanceစိုင်းတခေတ်မှိုင်း မြူဒေါင်းစိုင်းငယ် 26.8.2022 ဤစာပေသည်စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည် ။ မည်သူ့ကိုမှ ထိခိုက်နစ်နာလိုစိတ်မရှိပါ။