Unicode
မြူဒေါင်းညနေစောင်းအလုပ်ကပြန်ရတော့ တစ်ကိုယ်လုံးနုံးချိလာသည်။မပင်ပန်းဘူးထင်ရပေမဲ့ အလုပ်မရှိရင်မနေတတ်ဘူးပြောမိတာသူဌေးက အကုန်သိမ်းကြုံးခိုင်းတော့သည်။ရုံးကဝန်ထမ်းအစ်မတွေကလည်း အချိုသတိပြီးခိုင်းကြတော့မြူဒေါင်းအားနာနာနဲ့အကုန်လုပ်ရ၏။ အိမ်ထဲဝေ့ပတ်ကြည့်မိတာတော်ပါသေး။ ကိုကိုပြန်မရောက်သေးလို့။
အိမ်ထဲကုပ်ချောင်းချောင်းနဲ့ဝင်လာတဲ့မြူဒေါင်းမှာ အအေးခွက်ကိုင်ရင်းထွက်လာသည့်စိုင်းတခေတ်နှင့်တည့်တည့်ကြီးတိုက်မိတော့သည်။
''အာ့....သေပါပြီ''
''ဒါဘယ်ကပြန်လာပြန်တာလဲ ရှက်ပြာရှက်ပြာနဲ့ မြူဒေါင်းငယ်!''
''ဗျာ....ဟို....ဟို သားသူငယ်ချင်းအိမ်ကပြန်လာတာပါခင်ဗျ''
''ဟမ့်!.....နည်းနည်းလေးမှအနေထိုင်မတက်ဘူး''
''...........''
''မြူဒေါင်းငယ်....''
''ဗျာ.....''
အရပ်၆ပေကျော် ကိုကို့ကို ၅ပေကျော်ကျော်သာရှိတဲ့မြူဒေါင်းကခေါင်းမော့ကာငေးနေရသည်။ ရေချိုးပြီးခါစသာရှိပြီး ရေစိုနေသည့်ဆံပင်ရှည်တွေနဲ့ကိုကိုဟာ မိုးပေါ်ကနတ်ဘုရားတစ်ပါးအလား ခန့်ညားထည်ဝါးလွန်းသည်။ ရင်အုပ်ကျယ်ကျယ်ကြီးကလည်းအားကိုးချင်စရာ။ပျိုတိုင်းကြိုက်တဲ့ကိုကိုရဲ့ချစ်သူကတော့ ဘယ်လောက်တောင်ကံကောင်းလိုက်မလဲ။ဒါကိုတွေးတော့ မြူဒေါင်းမျက်နှာလေးမသိမသာမဲ့ကျလာတယ်။ကိုကို့ကိုသာ သူပိုင်ဆိုင်ခွင့်ရရင်ဘယ်လောက်ကောင်းလိုက်မလဲ ကိုကို့ရဲ့ရင်အုပ်ကျယ်ကြီးထဲပွေ့ဖက်ခံထားရရင်များ ဘယ်လောက်ထိ နွေးထွေးနေလိုက်မလဲ။ကိုကိုနဲ့ဆို မြူဒေါင်းသေညက်ညက်လေးရယ်။
''မင်းဒီရက်ပိုင်း အပြင်တွေသိပ်ထွက်နေတယ် ငါမကြိုက်......ကျစ်! ဘာမှမဟုတ်တော့ဘူး သွားတော့!''
''ဟုတ်......''
''နေဦး....''
အပေါ်ထပ်မည့်စဲစဲ ကိုကိုကသူ့ကိုတားပြန်သည်။
''ဘာပြောစရာရှိသေးလို့လဲဟင်.....''
''ဒီည ငါ့အခန်းထဲ ပြန်လာအိပ်''
YOU ARE READING
𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }
Romanceစိုင်းတခေတ်မှိုင်း မြူဒေါင်းစိုင်းငယ် 26.8.2022 ဤစာပေသည်စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည် ။ မည်သူ့ကိုမှ ထိခိုက်နစ်နာလိုစိတ်မရှိပါ။