39

9.7K 548 71
                                    

Unicode






ကိုကိုနဲ့မြူတို့တွဲတာ တစ်ပတ်ပြည့်ပြီဖြစ်သလို ကိုကိုကလည်းမြူအပေါ်အရမ်းပဲဂရုစိုက်ပေးသည်။ နေ့တိုင်းမျက်လုံးအောက်ကအပျောက်မခံသလို လူတိုင်းနဲ့လည်းသဝန်ကြောင်တတ်သေးသည်။ အခုဆိုမြူမှာ ကိုကြီးဟိန်းနဲ့တောင်စကားပြောခွင့်မရှိတော့ပါ။ ကိုကိုကမြူကို ကိုကြီးဟိန်းနဲ့ဝေးဝေးနေဖို့ပြောပေမဲ့ကိုကြီးဟိန်းကိုအားနာတာကြောင့် ကိုကိုမသိအောင်ပဲ စကားခိုးပြောရသည်လေ။ ဒါပေမယ့် သိပ်မကြာပါဘူးကိုကိုကသိပြီး ကိုကြီးဟိန်းတို့သားအဖကိုအလုပ်ထုတ်ပစ်မယ်လုပ်နေတော့ မြူကပဲမနည်းတောင်းပန်ပြီးကိုကိုအားချော့ရတော့သည်။ အဲ့နေ့ကတစ်နေ့လုံးကုတင်ပေါ်ကဆင်းခွင့်မပြုပဲ မြူ့ကိုအပြစ်ပေးခဲ့သည်။ အဲ့နေ့လည်းပြီးတော့မြူ့မှာဖျားရသေး၏။ ကိုကိုကလေ မြူအပေါ်သိပ်လည်းဆိုးသလို၊ အရမ်းလည်းအနိုင်ကျင့်တတ်သူရယ်ပါ။ ဒါတွေကိုမြူအပြစ်မမြင်မိ ကိုကိုအပေါ်မှာ ချစ်လွန်းတော့ အရာရာသည်းခံခွင့်လွှတ်ပေးဖို့သာ တွေးထားလိုက်သည်။

''ကိုယ့်ကို ပြစ်ပြီးဘာတွေတွေးနေတာလဲ babe''

နောက်ကအသံနဲ့အတူ ကိုကိုကမြူရဲ့ခါးကိုနောက်ကနေဖက်လာသည်။ မြူ့ပါးကိုလည်းမွှေးကြူးနေပြီး မြူ့ကိုမနေတတ်အောင်စနေပြန်ပါသည်။

''အား...ဟား ဟား ယားတယ်ကိုကို။ ဖယ်ပါ ဒေါ်ညွှန့်မြင်သွားလိမ့်မယ်''

''မြင်ပါစေပေါ့ ဘာကိုဂရုစိုက်ရမှာလဲ ။ပြောပါအုံး အစောကြီးထပြီးဘာတွေချက်နေပြန်တာလဲ''

''ကိုကိုပဲ အုန်းနို့ခေါက်ဆွဲစားချင်တယ်ဆို အဲ့ကြောင့်သားကချက်ပေးနေတာ''

''အဟွန်း! လိမ်မာလိုက်တာ ကိုယ့်ကလေးလေးက။ ချက်ကောချက်တတ်ရဲ့လား''

''သားက ငယ်ငယ်ကတည်းက မေမေနဲ့အတူတူဟင်းကူချက်ပေးရတာလေ။သားအကုန်လုပ်တတ်ပါတယ် ကိုကိုကလည်း''

''ဟုတ်လား babeကတော်လိုက်တာ အိမ်ရှင်မလေးလားကျနေတာပဲကွာ မွ!''

''ဟာ.....ကိုကို! ဒေါ်လေးမြင်သွားမယ်လို့ ဘယ်လိုဖြစ်တာလဲ ပြော''

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now