48

7K 368 49
                                    

Unicode






၃ရက် မြူအပြင်ကိုမထွက်ဘဲနေနေတာ အခုဆို၃ရက်တိတိရှိပြီ။ ခြံအပြင်ကနေ မသိမသာကော၊သိသိသာသာကော စောင့်ကြည့်နေတဲ့လူတွေကြောင့် မြူအပြင်တောင်ထွက်ဖို့မရဲပေ။ ဟိုနေ့ကအစ်ကို့ကို လမ်းမှာတွေ့တဲ့ကားသမားအချို့က ဆေးရုံပို့ပေးခဲ့တဲ့သတင်းကြည့်မိမှသာ မြူအစ်ကို့အတွက် စိတ်အေးခဲ့ရသည်။ အဲ့နေ့က နာမည်ကြီးသတင်း channel တစ်ခုကနေအစ်ကို့၏သတင်းတွေက ပွက်လောရိုက်သွားသေးသည်။ နာမည်ကြီးမင်းသားကို ထိုးကြိတ်သွားတဲ့လူကိုလည်း Fanတွေက စုံစမ်းနေသည်တဲ့။ မြူပရောဂမကင်းတာကြောင့် မြူလည်းစိတ်မကောင်းဖြစ်ရသည်။

စိုင်းတခေတ်မှိုင်းဆိုတဲ့လူက တစ်နေ့တခြားကိုပိုပို ဆိုးလာတဲ့လူ။ တစ်ဖက်သားအပေါ်လည်း နည်းနည်းလေးတောင် စာနာပေးတတ်တဲ့စိတ်မရှိပေ။ မြူထပ်ပြီးထွက်ပြေးရင်လည်း ဒီလူလက်ကလွတ်မည်မထင်။ အဲ့တော့မပြေးနေတော့ဘဲ ဝေးဝေးနေဖို့သာ တေးထားလိုက်၏။

မြူ သက်ပြင်းခပ်လေးလေးချပြီး အိမ်အပြင်ထွက်ခဲ့ရသည်။ မထွက်လို့လည်းမရ ဆိုင်ခွဲအသစ်ဖွင့်ဖို့အတွက် မြေနေရာလိုက်ကြည့်ဖို့ရာရှိသည်။ နောက်ကျောမလုံပေမဲ့လည်း မသိချင်ယောင်ဆောင်ပြီးသာ လမ်းဆက်လျှောက်ခဲ့လိုက်သည်။

''အခုပဲ အပြင်ထွက်သွားပါပြီ boss''

''အင်း.....သေချာစောင့်ကြည့်ထား။ သူဘယ်သွားလဲသိရရင် ငါ့ကိုလှမ်းအကြောင်းကြား''

''ဟုတ်ကဲ့.....''

တပည့်ဆီက သတင်းပေးစကားတွေနားထောင်ပြီးသွားမှ လက်ထဲကဖုန်းကို ကြွေပြားစားပွဲပေါ် ပြီးစလွဲလှမ်းတင်ထားလိုက်တယ်။ အသင့်ဖျော်ထားတဲ့ black coffee ကိုတစ်ငုံယူသောက်လိုက်ပေမဲ့ လိုချင်တဲ့အရသာမဟုတ်တော့ သဘောမကျပေ။ သူကြိုက်တာ သူ့ကလေးလေးဖျော်တိုက်မဲ့ coffee ။ မကြာခင် အဲ့အရသာလေးကို ပြန်ခံစားရတော့မှာပါလေ။

. . . . . . . .

''ဘယ်လို....ဒီနေရာ ရောင်းပြီးသွားပြီ ဟုတ်လား ''

''ဟုတ်ပါတယ် ညီလေး''

''ဒါပေမယ့် ဒီနေရာကိုဝယ်ဖို့ ကျွန်တော်အရင်ပြောထားပြီးသားလေ အစ်ကို့တို့ဘက်ကလည်း သဘောတူထားပြီးမှ အခုဘယ်လိုဖြစ်ရတာလဲဗျ''

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now