24

9.9K 566 68
                                    

unicode


ဒီချိန်တင်လို့စိတ်ဆိုးကြမလားမသိပါဖူး:(




အိမ်မှာ မေမေတို့မရှိတဲ့အချိန်ကစပြီး မြူဒေါင်းကိုကို့ကိုပတ်ရှောင်နေမိသည် ။ ကိုကို့ကို မတွေ့ချင်မမြင်ချင်လို့မဟုတ်ဘဲ ကိုကိုပြောမဲ့ခက်ထန်ထန် စကားလုံးတွေကိုမြူဒေါင်းကြောက်မိလို့ပါဘဲ ။ ကိုကိုကလည်း မြူဒေါင်းကိုမြင်ချင်ပုံမရပါဘူး အမြဲလိုလိုအိမ်အပြင်ဘဲ ထွက်နေတတ်တာ ခါတိုင်းထက်လည်း အိမ်ပြန်နောက်ကျနေတတ်တယ် ။ ဒါကလည်းတစ်ခုတော့ ကောင်းပါတယ် မြူဒေါင်းတမင်ရှောင်နေစရာ မလိုတော့ မခက်ခဲတော့တာပေါ့ ။

"မြူလေး....!!.''

"အောင်မလေး မေမေ့! ဟာ....လန့်လိုက်တာ ကိုကြီးဟိန်းရာ''

"ဟား...ဟား... အကိုက စတာပါဗျာ တစ်ယောက်တည်း ဘာတွေထိုင်တွေးနေတုန်း မြူလေးရ''

"ဘာမှဟုတ်ပါဘူး သားမေမေ့ကို လွမ်းလို့''

"သွားတာဖြင့် သုံးရက်မပြည့်သေးဘူးလေ''

"သားက မေမေ့နဲ့တစ်ရက်တောင် ခွဲအိပ်ဖူးတာ မဟုတ်ဘူး ကိုကြီးဟိန်းရဲ့''

"မြူလေးက တစ်ယောက်ထဲမအိပ်ရဲလို့လား ဒါဆိုအကိုနဲ့လာအိပ်လေ''

"ဟာ....အိပ်ချင်ပါဘူး''

"ဘာလို့....''

"သားက အိပ်ရေးကြမ်းလို့ပါ''

"ဒါများကွာ မကြမ်းအောင် အကိုကခွအိပ်ထားမှာပေါ့ မရဘူးလား''

"ဟာ....တော်ပြီဗျာ ကိုကြီးဟိန်းသားကို မစနဲ့တော့နော်''

"ဟုတ်ပါပြီဗျာ မြူလေးက ချစ်ဖို့ကောင်းတော့ ဒီအကိုကမစရရင် မနေနိုင်ဘူး''

"သားက ရုပ်ဆိုးပါတယ် ချစ်ဖို့မကောင်းဘူး''

"ဘယ်သူပြောလဲ ရုပ်ဆိုးတယ်လို့မြူလေးကချစ်စရာ အကောင်းဆုံးဘဲ''

"ဟီးဟီး....တကယ်လား''

"တကယ်ပါဗျာ.....ဒါနဲ့မြူလေး အကိုမြို့ထဲသွားစရာရှိတယ် သူဌေးကခိုင်းထားတာ မြူလေးအကိုနဲ့လိုက်မလား အိမ်မှာပျင်းနေရင်ပြောတာနော်''

"လိုက်ခဲ့မယ်လေ မြူလေးလည်းပျင်းနေတာနဲ့အတော်ဘဲ''

"Ok....အဲ့ဆို ၁၀နါရီကျသွားမယ် မြူလေးရေချိုးပြီးပြင်ဆင်ထားလိုက်နော်''

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now