12

12.2K 723 36
                                    

Unicode



"ဟိတ်....ကောင်လေး''

ခြံထဲက ပန်းတွေကို မြူဒေါင်းရေပေးနေရင်း နောက်ကအသံကြောင့်လှည့်ကြည့်တော့ ဟိုဧည့်သည်အမပင် ။ မြူဒေါင်းကိုယ်လေးကျုံသလိုဖြစ်သွားရကာ မလှုပ်တလှုပ်လေးရပ်နေမိသည် ။

"မင်းက စကားတော့ ပြောတတ်ပါတယ် မနေ့ကတောင်ပြောနေတဲ့ဟာကို အခုမှဘာလို့ပြန်မထူးရတာလဲ''

"သားကို ခေါ်တာ ခိုင်းမလို့လားဟင်''

"မဟုတ်ပါဘူး မင်းနဲ့ခင်ချင်လို့လေ မင်းက သေးသေးလေးနဲ့ ချစ်စရာလေးနော် အရုပ်လေးလိုပဲ''

ခေးရဲ့ စကားကိုကောင်လေးက ကြောက်ကြောက်နဲ့ ခေါင်းခါပြီးငြင်းရှာသည် ။ ခေး ဘာလို့ငြင်းတာလဲတော့ နားမလည်ပေ သူအနိုင်ကျင့်မှာ ကြောက်နေတာများလား ။

"ဘာလို့လဲ ငါကဒီအတိုင်း ခင်ချင်ရုံလေးပဲကို''

"ကိုကိုက မမကို မနှောက်ယှက်ရဘူးလို့ မှာထားတယ် သားမခင်ချင်လို့ မဟုတ်ပါဘူး သားကိုကို့ကို ကြောက်လို့ပါ''

ခေးအခုမှ နားလည်သွားတော့၏ ။ ကိုကိုက ဒီကောင်လေးကို မုန်းတာမှန်ပေမဲ့ ခေးကတော့ မြင်ကတည်းက ချစ်ဖို့ကောင်းတယ်လို့ပဲ တွေးမိခဲ့တာ ဖြစ်သည် ။ ခေးကိုကို့ကို နားလည်ပေမဲ့ ဒီကလေး အပြစ်ကင်းမဲ့ပုံလေးပါ ။ ကိုကိုပြောသလိုမျိုး ဒီကလေးမှာ ငွေမက်တဲ့အရိပ်အယောင်တောင်မပြသလို မြင်တာနဲ့ပင် အပြစ်ကင်းတဲ့ ကလေးမှန်းသိသာလှ၏ ။

"ငါ ကိုကို့ကိုပြန်မပြောဘူးလေနော် ဒါဆိုခင်မယ်မို့လား''

"ဟင့်အင်း သားတောင်းပန်ပါတယ် သားက ခင်ဖို့လဲ မကောင်းပါဘူး မမမှာ တစ်ခြားခင်မဲ့သူတွေရှိလာမှာပါ သားကို ခွင့်လွှတ်ပါနော်''

ကဲ....ကြည့် ။ဘာအမှားမှ မရှိပဲ ဇွတ်တွေ တောင်းပန်နေပြန်တယ် ။ ကိုကိုက ဘာလို့ ဒီလိုကလေးကိုမှ မုန်းရက်ရတာပါလိမ့် ကျွတ်...ကျွတ် ဆွဲစားချင်စရာလေးပါ ။ ကိုကိုက တကယ် အမြင်မရှိတဲ့လူပဲ ။ ဒါပေမဲ့ မိထွေးရဲ့သားမလို့ မုန်းတာဆိုရင်တော့ မဆန်းပါဘူး ။ သူကြည့်ဖူးတဲ့ boy love ကားတွေထဲကလို မုန်းလို့လူကို အတင်းသိမ်းပစ်လိုက်တာမျိုးတော့ မလုပ်ဘူးကွာ ဒီကိုကိုကတော့ ဒင်းနေရာမှာ ငါသာဆို ပွဲသိမ်းပဲ ။

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now