14

11.7K 776 55
                                    

Unicode


မွေ့ရာထက် နီရဲနေသည့်ပါးပြင်ကြောင့် လဲကျနေတဲ့ ကောင်လေး၏ မျက်ဝန်းတွေက မျက်ရည်တွေနဲ့ ။ လုပ်ရက်သည်ကိုကို ကိုကိုဟာ မြူဒေါင်းအပေါ်မှာ လုပ်ရက်လှပါသည် ။ ဒါပေမဲ့လေ မနာရက်သည့်အပြင် ပိုလို့ကပ်တွယ်ချင်နေမိသည် ။ ဒါတွေကို ကိုကိုမသိပေမဲ့ မြူဒေါင်းရင်ဘတ်ထဲမှာတော့ ကိုကိုသိအောင်ပြချင်မိတဲ့ အချစ်တွေရှိခဲ့သည် ။

"ဒါ....ဒါဘာဖြစ်နေကြတာလဲ''

အခန်းရှေ့ တအံ့တသြရပ်ကြည့်နေသည့် ခေးမီမီသွင်က မြူဒေါင်း၏ပါးအားကြည့်လို့ စိုးရိမ်ပိုသွားရသည် ။ မြူဒေါင်းအနားကို ပြေးသွားလိုက်ပြီး ဆွဲထူပေးရင်း ကိုကို့အား မယုံနိုင်စွာကြည့်မိသည် ။ မုန်းတယ်ဆိုရင်တောင် ဒီလောက်ထိလုပ်ဖို့ လိုလို့လား ။

"ကိုကို! ကိုကိုရူးနေပြီလား ဒီလောက်ထိလုပ်ဖို့ လိုလို့လား ကိုကို!''

"နင်ဝင်မပါနဲ့ မီ!''

"ဝင်မပါလို့ မရဘူးကိုကို ကိုကိုအရမ်းလွန်တယ် သူကအခုမှ ကလေးသာသာပဲ ရှိသေးတာနော်ကိုကို!''

"နင့်ကိုငါ ဝင်မပါနဲ့လို့ ပြောနေတယ်နော် ခေးမီမီသွင်! နင်ကပါ ဒီကောင့်ဘက်ပါနေရအောင် ဒီကောင်က နင့်ကို ဘာဆေးတွေကျွေးထားလို့လဲ ဟမ်!''

"တော်ပါတော့ ကိုကို မမကိုပါရန်မလုပ်ပါနဲ့တော့ အီး! သားကိုဘဲ ဆူပါ ''

"အယ်.....ကောင်လေးမငိုနဲ့လေ မမကိုပြ ပါးကအရမ်းနာလို့လား''

အစကမျက်ရည်ဘဲကျနေတာပေမဲ့ အခုတော့ ရန်ဖြစ်ဖို့လုပ်နေတဲ့ နှစ်ယောက်ကြောင့် ပိုဝမ်းနည်းကာ အော်ငိုပစ်လိုက်သည် ။ အသံပြဲကြီးနဲ့ အော်မိလို့လားမသိ ကိုကိုက သူ့ကိုမျက်လုံးတွေပြူးပြီး အံ့သြလို့ကြည့်နေတော့သည် ။ နာနေတဲ့ပါးကို ဥပေက္ခာပြုလိုက်ပြီး မြူဒေါင်းကိုကိုအခန်းထဲကနေပြေးထွက်လာရင်း ကိုယ့်အခန်းကိုယ်ပြေးဝင်ကာ တံခါးပိတ်ကြိတ်ငိုနေမိပါ၏ ။

အခန်းထဲမှာ ကျန်ခဲ့တဲ့ ခေးကတော့ စိုင်းကို စိတ်ပျက်သလိုကြည့်လိုပြီး....

"ကိုကို ကျေနပ်ရဲ့လား!''

"အင်း....''

"ကိုကို နည်းနည်းလေးမှ မသနားတတ်ဘူးလားကိုကို သူ့ကိုပါးရိုက်လိုက်တာသာ ကိုကိုရဲ့ဒယ်ဒီသိရင် ဘာဖြစ်မလဲကော ကိုကိုသိရဲ့လား''

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now