45

5.2K 288 21
                                    

Unicode









''မြူဒေါင်းငယ် ဘယ်မှာလဲ စိုင်းတခေတ်မှိုင်း''

''........''

''ငါမေးနေတယ်လေ!''

''ကျွန်တော် မသိဘူး''

''ဘာကွ!''

ဦးစိုင်းထည်ဝါမျက်နှာမှာ ဒေါသကြောင့် အနည်းငယ်နီရဲနေသည်။ မြူဒေါင်းငယ်က သားဖြစ်သူထံသွားမယ်ဆိုပြီး ထွက်သွားလိုက်တာ အခုသားဖြစ်သူကပြန်ရောက်လာသည်ထိ ပေါ်မလာသေးတာကြောင့် ဦးထည်ဝါမှာ အတော်လေးစိုးရိမ်မိ၏။ driver ကိုခေါ်မေးကြည့်တော့ သခင်လေးက မြူဒေါင်းငယ်နဲ့သူ့ကို ကွန်ဒိုဆီပို့ပြီး ပြန်ခိုင်းခဲ့ပါသည်တဲ့။ အဲ့ကြောင့် ကိုယ့်သားကိုခေါ်မေးကြည့်တော့လည်း ဒီကောင်ကမသိဘူးပြောပြန်သည်။ ဦးထည်ဝါက သားဖြစ်သူကို ဒေါသထွက်ထွက်နဲ့ အော်မေးပစ်လိုက်၏။

''မြူဒေါင်းငယ်ကို မင်းဘဲခေါ်သွားတာတဲ့။ ပြောစမ်း စိုင်းတခေတ်! မင်းမြူဒေါင်းငယ်ကို ဘာလုပ်လိုက်တာလဲ! ''

''ကျွန်တော် သူ့ကိုကားတင်ပြေးတာ daddy ''

''ဘာကွ မင်း!''

ခွပ်!

''စိုင်းတခေတ်မှိုင်း မင်းက တကယ့်အရိုင်းအစိုင်းဘဲကွ ဟမ်!''

''အဲ့တော့ ကျွန်တော်က daddy သားပဲလေ''

''တောက်စ်! ငါလုပ်ရင် သေအုံးမယ် ။ အခုမြူဒေါင်းငယ်က ဘယ်မှာလဲ ''

''ကျွန်တော် မသိဘူး သူထွက်ပြေးသွားတာ''

''ဘာ...မင်းဘယ်လိုတောင်! မင်းလိုကောင်မျိုးကို ပျိုးထောင်ပေးမိတာ ငါ့အမှားပဲ စိုင်းတခေတ်ရ!''

''ကျွန်တော်ကရော ပျိုးထောင်ပေးဖို့ ပြောခဲ့ဖူးလို့လား!။ ကျွန်တော် အခုလိုဖြစ်ရတာ ခင်ဗျားကြောင့်ဗျ!။

ခင်ဗျားတို့သာ ကျုပ်ကို နည်းနည်းလေး ဂရုစိုက်ပေးခဲ့ရင်၊ ကျုပ်ကို တစ်ယောက်ထဲ ပြစ်မထားခဲ့ရင် အခုလိုမျိုး ကျုပ်နောင်တရစရာတွေ လုပ်မိမှာမဟုတ်ဘူး!''

''အေး....ငါမကောင်းဘူးဘဲထား။ အဲ့ကလေးနဲ့ ဘာဆိုင်လို့လဲ စိုင်းတခေတ်မှိုင်း!''

''........''

တိတ်ဆိတ်နေသည့် သားတော်မောင်အား ဦးထည်ဝါက ခေါင်းတခါခါနဲ့ ကြည့်လိုက်သည်။ သူ့သားအခုလို ဆိုးသွမ်းနေခဲ့တာဟာ သူ့အပြစ်တွေပါဘဲ။ မချစ်မနှစ်သက်ဘဲ မတော်တဆရခဲ့တဲ့ ဒီကလေးအပေါ် သူဟာ ဥပက္ခာပြုခဲ့မိ၏။ ဇနီးဖြစ်သူကလည်း သူ့အပေါ်မကျေနပ်သမျှကို သူတို့ရဲ့သားထံအပြစ်ပုံချခဲ့လို့ အခုလိုတွေဖြစ်လာရချေပြီ။

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now