13

12.7K 794 45
                                    

Unicode




မနက်ဆို စိုင်းတို့အိမ်က အရင်ကလိုခြောက်ကပ်မနေ မြူဒေါင်းတို့သားအမိရောက်လာကတည်းက ဆည်းလည်းသံလိုပင် နားဝင်ချိုနေတော့သည် ။ တစ်ခါတလေကျတော့လည်း အိမ်ရှင်းသခင်လေး၏ ဒေါသတကြီး ကြိမ်းမောင်းသံတို့ပါ ရှိတတ်သေးသည် ။

ဦးထည်ဝါက မာယာချိုထည့်ပေးထားသော ကော်ဖီကိုယူသောက်ရင်း စကားစမြည်ပြောနေသည် ။ ဘေးက မြူဒေါင်းနှငွသူ့အမေကတော့ ဂရုတစိုက်နားထောင်လို့ပင် ။

"သား....မြူဒေါင်း''

"ဟုတ် ပြောပါဖေဖေ''

"သား ကျောင်းမဖွင့်တုန်း သင်တန်းလေးဘာလေး တက်လေကွယ်''

"ဟို....သင်တန်းတက်ရင် ဖေဖေပိုက်ဆံကုန်မှာ စိုးလို့ပါ''

"ဟား ဟား ကွာ ပိုက်ဆံကုန်တာပဲ ကုန်ပါစေပေါ့ သားရယ် ၊ သားတက်ချင်တာရှိရင် ဖေဖေကိုပြော ဖေဖေအားလုံးစီစဥ်ပေးမယ်''

"သင်တန်းကတော့ ဖေဖေအဆင်ပြေမယ်ထင်တာပဲ သားတက်ပါ့မယ်''

"ဟုတ်ပါပြီကွာ ဒါဆို ဖေဖေရဲ့အတွင်းရေးမှူးကိုပဲ စီစဥ်ခိုင်းလိုက်မယ် အကြိုအပို့ကတော့ မောင်ဟိန်းနဲ့ပဲ ကြိုပို့ခိုင်းရမှာပေါ့ ၊ သားကို ကားမောင်းပါသင်ခိုင်းချင်တာ ဒါပေမဲ့ သားကအရမ်းငယ်သေးလို့ ဖေဖေက လက်လျော့ထားတာ''

"ဟုတ် ကျေးဇူးပါ ဖေဖေ''

"ဟော....မလိုပါဘူး သားရာ''

"ကဲ.....ဒီသားအဖတွေ စကားပဲပြောမနေကြနဲ့ ကော်ဖီတွေအေးကုန်ပြီး သောက်လိုက်အုံး ''

"ဟုတ်....ဟိုလေ မေမေ သားဒါပြီးရင် စာကြည့်တိုက်ခဏသွားချင်လို့''

"သြော်.....အေး သွားလေသား''

"အဟီး....ဟုတ်''

လိုချင်တာ ရတော့ကြယ်တွေလို အပြုံးလေးပြန်ပေါ်လာသည် ။ လှသည်ထက်ပို ချစ်စရာကောင်းသည် ။ ဘယ်သူကရော ဒီလိုကလေးမျိုးကို မချစ်ပဲနေနိုင်ပါ့မလည်း ။

"အကိုလေး စက်ဘီးနဲ့ဘယ်သွားမလို့လဲ ကျွန်တော်လိုက်ပို့ရမလား''

အရင်နေ့ကဟိုနားသည်နားသွားဖို့ ဖေဖေဝယ်ပေးထားတဲ့စက်ဘီးကို ထုတ်လာတော့ အိမ်ကအလုပ်သမားဖြစ်တဲ့ ကိုဟိန်းထက်သာက လှမ်းမေးသည် ။ ကိုဟိန်းက မြူဒေါင်းထက် ၄နှစ်သာကြီးသည် ။ မြူဒေါင်းဒီကိုရောက်ကတည်းက ခင်စရာစကားပြောဖော်ဆိုလို့ သူတစ်ယောက်ပဲရှိ၏ ။

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now