25

10.1K 520 57
                                    


ဒီအပိုင်းကိုမဖတ်ခင်အရင်သတိပေးချင်တာလေးပါ နန်းရေးတဲ့ဇာတ်ကောင်တွေက စိတ်ကူးယဥ်တွေပါဘဲ ဘယ်သူ့ကိုမှထိခိုက်စေလိုတဲ့စိတ်လုံးဝမရှိပါဘူးရှင့် နောက်ပြီးficကဓားရောကားရောအစုံပါတာမလို့ အသက်မပြည့်သေးရင်မဖတ်ဖို့အကြံပြုချင်ပါတယ် နောက်ပိုင်းဖတ်တာမဖတ်ကတော့ စာဖတ်သူတို့နဲ့သက်ဆိုင်ပါတယ် tagမှာလည်းအကုန်သတိပေးထားသလို အစပိုင်းမှာလည်းပြောခဲ့ဖူးပါတယ် ဒီထဲမှာပါတဲ့စိုင်းရဲ့စရိုက်ကိုက မိုက်ရိုင်းဆိုးသွမ်းတဲ့အထဲကပါဟိုခြိန်းတို့ထဲမှာကတည်းကဆဲခဲ့ရတာလည်းဖတ်ဖူးတဲ့သူတွေအသိပဲလေနော် ဒါကြောင့်ဆက်ဖတ်တာမဖတ်တာဟာ စာဖတ်သူတို့ရဲ့စိတ်နဲ့ဘဲဆိုင်ပါတယ်ရှင့် အသုံးအနှုန်းကြမ်းတာတွေကလည်းဇာတ်ကောင်အရပါမှာပါ နောက်မှနန်းကပြင်သင့်တာပြင်သွားပါ့မယ်ရှင့် ပြောချင်တာလေးပြောပြီးပြီမို့ အပိုင်းသစ်ကိုအကဲဖြတ်ပေးကြပါအုံး><

Unicode

ကိုကိုက အိမ်မှာသူ့သူငယ်ချင်းတွေနဲ့ သောက်စားနေလို့ မြူဒေါင်းက ကိုကိုအနားနေပြီးခိုင်းတာတွေလုပ်ပေးနေရတယ် ။ ကိုကြီးဟိန်းလာခေါ်တာလည်း မလိုက်ခိုင်းဘူး ခဏလေးဘဲကြာမှာပါပြောတော့လည်း ငါ့ပြောတာမင်းနားမလည်ဘူးလားတဲ့လူတွေရှေ့တောင် အော်တယ်။ ကိုကိုကတကယ်မကောင်းဘူးရယ် မြူဒေါင်းကိုအမြဲဆူဖို့ဘဲသိတယ်။ မေမေတောင် မြူဒေါင်းကိုမဆူဖူးဘူးရယ်။

''မြူဒေါင်းငယ်!''

''ဗျာ....ကိုကို''

''မင်းကို ငါဒီလောက်ခေါ်နေတာတောင် မကြားဘူးလားဟမ်!''

''ဟင်....ကိုကို ခေါ်လိုက်တယ်လား သားမကြားလိုက်ဘူးရယ်''

''ကျစ်! ထားတော့...ဒီပန်းကန်တွေသွားဆေးချည်း''

''ဟုတ်ကဲ့ကိုကို...''

ပန်းကန်တွေယူပြီးပြေးတာများ ဘယ်ကတည်းကသွားချင်နေလည်းမသိ။ စိုင်းနှုတ်ခမ်းက အလိုလိုပြုံးသလိုဖြစ်သွားတော့ ဂျိန်းကမြင်သွားပြီး ထစတော့သည်။

''ဟျောင့်...ငစိုင်းရေ ပါးကြီးနားတက်ချိတ်မိတော့မယ်ဟ''

''လီး...မအေလိုးအငြိမ်နေစမ်းပါ''

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now