47

4.6K 359 43
                                    

Unicode










ကျွီ..........!

ရှေ့ကနေတည့်တည့်ကြီးပိတ်ရပ်ပစ်လိုက်တဲ့ကားကြောင့် ရာဇာကားဘရိတ်ကို အလောတကြီးထအုပ်ပစ်လိုက်ရသည်။ တော်သေးတယ် နှစ်ယောက်လုံး ခါးပတ်ပတ်ထားပေလို့။ ရာဇာလွှမ်း ဒေါသထွက်ထွက်နဲ့ ကားပြင်ထွက်ဆဲဖို့ပြင်တော့ ပူတင်းက သူ့လက်ကဆွဲထားပြီး မျက်ရည်အဝဲသားနဲ့မသွားဖို့တားလာတယ်။

ရှေ့ကားထဲက ကောင်ကတော့ ကားထဲကထွက်လာပြီး မိမိတို့ရှိရာဘက် ခြေလှမ်းကျဲကြီးနဲ့ လျှောက်လာသည်။ ရာဇာလွှမ်း မထွက်လို့မဖြစ်တော့တဲ့အခြေအနေမလို့ ပူတင်းလက်ကအသာဖယ်ချလိုက်ပြီး စိတ်မပူဖို့ပြောလိုက်ပြီးသည်နှင့် အပြင်ထွက်လာလိုက်သည်။

ထိုလူက မိမိအားမြင်တော့ မျက်မှောင်ကြုံ့လျက် ကားထဲကို တစ်ချက်ကြည့်ပြီးဆက်လျှောက်လာတာကြောင့် သူရှေ့ကနေပိတ်ရပ်ပစ်လိုက်၏။

''ဖယ်စမ်း....!''

''ခင်ဗျား ဘာကိစ္စကျုပ်ကားရှေ့ ပိတ်ရပ်ပစ်တာလဲ သေချင်လို့လား! ''

စိုင်းက ဘာမှထပ်မပြောတော့ဘဲ ရှေ့ကပိတ်ရပ်နေသည့်ကောင်အား လက်တစ်ဖက်နဲ့ ဆောင့်တွန်းပစ်လိုက်ပြီး ကားရှိရာကိုသာ တစိုက်မတ်မတ်လျှောက်လာ၏။

''မြူဒေါင်းငယ် အပြင်ထွက်ခဲ့!''

ရာဇာလွှမ်းမှာ ဆောင့်တွန်းခံလိုက်ရသည့်အရှိန်ကြောင့် မြေကြီးပေါ် ဖင်ထိုင်လျက်လဲကျသွားရသည်။ သူ့ဒေါသတွေ ရာခိုင်နှုန်းအထက်ကိုကျော်လွန်လာပြီဖြစ်ရာဟိုကောင်ကတော့ သူ့ကားနားမှာရပ်ပြီး ပူတင်းကိုအော်ခေါ်နေ၏။

''ဟိတ်လူ! ခင်ဗျားရူးနေလား''

''မြူဒေါင်းငယ် မင်းကိုငါထွက်ခဲ့လို့ ပြောနေတယ်လေ!''

''..........''

နည်းနည်းမှ လှုပ်မလာတဲ့အခြေအနေကြောင့် စိုင်းဒေါသပိုထွက်လာကာ သူ့ကိုလာဆွဲတဲ့ကောင်အား လက်သီးနဲ့ ပစ်ထိုးပစ်လိုက်၏။

''မြူဒေါင်းငယ် မင်းထွက်မလာရင် ငါဒီကောင့်ကို သတ်မှာ!''

ပြောပြီး လဲကျနေတဲ့ကောင်ကို အပေါ်ကခွပြီး ဆက်တိုက်ထိုးပေးနေလိုက်တယ်။

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now