Unicode
[မဖတ်ခင်ကြိုပြောချင်တာလေးရှိလို့ ဆူးနန်းကလေ ပုံအရမ်းပြောင်းတတ်တဲ့အကျင့်ရှိပါတယ်နော်။ ကိုယ်ကြိုက်တဲ့ပုံလေးတွေ့ရင် cover မချိန်းရမနေနိုင်လို့ပါ စာဖတ်သူတို့က ဆူးနန်းရဲ့ficကို ပုံနဲ့မမှတ်ဘဲ nameကိုဘဲမှတ်မိအောင်ကြည့်ထားပါလို့ တော်ကြာဆူးနန်းကအပိုင်းသစ်တင်ထားတာ ပုံမတူတော့မတွေ့ဘူးထင်နေမှာ စိုးလို့ပါရှင့်]
အခုဆို ဒေါ်မာယာချို ဆုံးတာ ၇ရကျမွောကျနေ့ မြူဒေါင်းငယ်ကတော့အရင်လို အမြဲပြုံးပျော်နေတတ်တဲ့ကောင်လေး မဟုတ်တော့ဘူး ။ တစ်နေရာရာကို ခပ်ဆွေးဆွေးလေးငေးနေတတ်တယ်။ စိုင်းကသူ့ကို အစစအရာရာ ဂရုတစိုက်ရှိပေမယ့် ဒီကလေးရဲ့အပြုံးတွေက အရင်လောက်တောက်ပမနေတာတော့ အားမရဘူး။ သူ့အကြိုက်ပစ္စည်းတွေဝယ်ပေးတော့လည်း ခေါင်းတခါခါနဲ့ ငြင်းမြဲပဲ။ စိုင်းလည်းအခုတလော ဘယ်ဟာကိုမှ ဘဝင်မကျချင်ဘူး။ အိမ်ကအကူတွေဆိုလည်း စိုင်းတခေတ်ရဲ့ဒေါသနဲ့ ကြိမ်းမောင်းသံတွေကို အမြဲလိုခံနေရတယ်။ စိုင်းဒီကလေး မျက်နှာမကောင်းတာနဲ့ဘဲ သူပါအလိုလို စိတ်မကြည်တော့ဘူး။
''babe......''
''ဗျာ....ကိုကို''
''ကိုယ်တို့ဒီနေ့ အပြင်လျှောက်လည်ကြမလား''
''ကိုကို အလုပ်မသွားဘူးလားဟင်''
''အင်း....ကိုယ့်ကလေးအနားနေချင်လို့''
ကိုကိုက သူ့နောက်ကနေပြီး ခါးကိုဖက်တွယ်လာသည်။ နှုတ်ခမ်းတွေက မြူဂုတ်ပိုးကို ဖွဖွလေး မှှေးကွူးလကြျ။တရှုံ့ရှုံနမျးနလေို့ဝမှ မြူပုခုံးတစ်ဖက်ပေါ် ခေါင်းတင်ပြီး မြူမျက်နှာတခြမ်းကို စိုက်ကြည့်နေပြန်၏။
''ကိုကို အိမ်ရှေ့ကြီးမှာ ဖေဖေမြင်သွားရင် မကောင်းဘူးလေ''
''မမြင်ပါဘူးကွာ ဒယ်ဒီကစိတ်ပင်ပန်းပြီးအခန်းအပြင်တောင် မထွက်ဘူး ''
''သားအပြင်မသွားချင်ပါဘူး သားအတွက်နဲ့ကိုကို အလုပ်ရှုပ်မခံပါနဲ့နော်''
''ကိုယ့်အလုပ်က ဘယ်ချိန်ထသွားသွားရတယ် ၊ တစ်နေ့လေးမသွားရုံနဲ့ ကိုယ်မမွဲပါဘူး''
YOU ARE READING
𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }
Romanceစိုင်းတခေတ်မှိုင်း မြူဒေါင်းစိုင်းငယ် 26.8.2022 ဤစာပေသည်စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည် ။ မည်သူ့ကိုမှ ထိခိုက်နစ်နာလိုစိတ်မရှိပါ။