Unicode
ထမင်းဝိုင်းမှာလူသုံးယောက်က တိတ်ဆိတ်စွာထမင်းစားနေကြတယ်။ ခေးမီပြန်ရောက်တာသိပ်မကြာသေးပေမဲ့ လိုတာထက်ပိုပြီးတိတ်ဆိတ်အေးစက်လွန်းနေတဲ့ အငွေ့အသက်တွေကြောင့် ထမင်းတောင်ဖြောင့်ဖြောင့်မစားရဲပေ။ မြူဒေါင်းငယ်ကလည်းမျက်နှာမကောင်းသလို၊ကိုကိုကလည်း မျက်နှာမှာတင်းမာမှုအပြည့်ရှိနေသည်။
နှစ်ယောက်သား ဘာတွေဖြစ်ပြန်ပြီလည်း မီမသိ။မေးကြည့်ဖို့ရာကလည်း ဒီလိုပုံစံတွေနဲ့ဘယ်လိုလုပ်မေးရဲပါ့မလဲ။
''ကျွန်တော် စားပြီးပြီ ''
''ဒုန်း.....!''
ထိုထမင်းဝိုင်းအား မြူဒေါင်းငယ်မှအရင်လျစ်လျူရှုသွား၏။ ထို့နောက်စိုင်းကပါ စားပွဲကို ဒုန်းကတည်းရိုက်ချပြီးထထွက်သွားပြန်ပါသည်။ ကျန်ခဲ့သူခေးမီမီသွင်မှာတော့ ကြောင်တောင်တောင်လေးရယ်။
သေချာပြီ ဒီနှစ်ယောက်ရန်အကြီးအကျယ်ဖြစ်ထားပြန်ပြီထင်ပါတယ်။ အခြေအနေသိပ်မဟန်တော့ဘူး။
အခန်းထဲရောက်တော့ မြူဒေါင်းအိပ်ရာကိုမျက်နှာအပ်ပြီးငိုမိပြန်၏။ ကိုကို့အနားမှာနေရတာကြာတော့ မွန်းကြပ်လာသည်။ကပ်တွယ်ချင်စိတ်ထက် ထွက်သွားချင်စိတ်သာရှိတော့၏။စိတ်ကုန်လို့ဘဲလားဆိုတော့လည်း မဟုတ်ပြန် သူကိုကို့ရဲ့အမုန်းစကားတွေကိုနားမခံနိုင်တော့ရုံလေးပါ။တရှုံ့ရှုံ့ငိုနေတုန်း မေမေ့စီကဖုန်းဝင်လာတော့ မျက်ရည်တွေဖြစ်သလိုသုတ်လိုက်ပြီး ဖုန်းကိုင်ရ၏။
''ဟယ်လို မေမေ''
''သား....နေကောင်းလား ''
မေမေ့အသံကြားတော့ သူပြုံးမိတယ်။သူဘယ်လောက်ပဲစိတ်ပင်ပန်းနေပါစေ မေမေ့အသံကြားတိုင်း အမောပြေစေပြီးရင်ထဲအေးမြသွားစေသည်။
''ကောင်းပါတယ် မေမေ၊မေမေရော နေကောင်းရဲ့လား ''
''မေမေက ကောင်းပါတယ်ကွယ်။သားကိုလွမ်းတာဘဲ ရှိတယ် ''
''သားလည်းမေမေ့ကို အရမ်းလွမ်းတယ် ဟင့်!''
ရှိုက်သံသေးသေးလေးကြောင့် မေမေကအစိုးရိမ်ပိုစွာ သူ့ကိုချော့လာသည်။ တတ်နိုင်သလောက် အသံထိန်းထားပေမဲ့လည်းမေမေ့အသံကြားတော့ သူပိုငိုချင်လာတာဖြစ်၏။ချော့ခံရတဲ့ကလေးတွေကပိုငိုချင်သည်လေ။
YOU ARE READING
𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }
Romanceစိုင်းတခေတ်မှိုင်း မြူဒေါင်းစိုင်းငယ် 26.8.2022 ဤစာပေသည်စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည် ။ မည်သူ့ကိုမှ ထိခိုက်နစ်နာလိုစိတ်မရှိပါ။