28

9.7K 517 35
                                    

Unicode





Go Figure company ၏ဝန်ထမ်းများသည် တစ်ယောက်တစ််ပေါက်နဲ့ သူတို့bossအကြောင်း အတင်းထိုင်တုပ်နေကြတယ်။ သူတို့bossက အသက်တောင်ပြည့်ပုံမပေါ်တဲ့ကလေးတစ်ယောက်ကို အလုပ်ခန့်ထားသည်ဆိုတဲ့သတင်းက ဝန်ထမ်းများကြားအတော်လေးပျံ့နှံ့နေသည်။ စည်းကမ်းတင်းကြပ်လွန်းတဲ့ bossကဒီလိုပေါ့ပျက်ပျက်အလုပ်မျိုးလုပ်လေ့မရှိတာမို့ ပိုလို့တောင်အတင်းတုပ်စရာဖြစ်ခဲ့၏။

မြူဒေါင်းရုံးကို ဝင်ဝင်ချင်းအကုန်လုံးက သူ့ကိုပဲကြည့်ပြီးအချင်းချင်းတီးတိုးပြောနေတော့ မနေတတ်ပေ။ဟုတ်တော့လည်းဟုတ်ပါတယ် မြူဒေါင်းကအခုဆို18ပြည့်ဖို့လပိုင်းလောက်လိုနေသေးသည်။ ဒါကိုကိုဟန်က သူ့အတွင်းရေးမှူးနေရာကို ပေးပစ်သည်ကမြူဒေါင်းပင် အံသြသွားရ၏။ အစကနိုရာက လူကြီးမှာစားသောက်ဆိုင်တွေများကြီးပိုင်တာဆိုလို့ မြူဒေါင်းထင်တာ စားပွဲထိုးနေရာလောက်လုပ်ရမယ်လို့။ အခုကလူပြောများလည်းများချင်စရာပေ။ ယောကျာ်းလေးအတွင်းရေးမှူးကလည်းရှားသည်လေ။ မြူဒေါင်းကအဲ့လောက်အရည်အချင်းမှမရှိတာ။

ဒါပေမယ့် ဘာဘဲဖြစ်ဖြစ် သူအလုပ်ကိုကြိုးစားလုပ်ရမယ်။ဒါမှ မေမေကိုကောင်းကောင်းရှာကျွေးနိုင်မှာ....။ခုတော့ fighting မြူဒေါင်းငယ် မင်းလုပ်နိုင်မှာပါ။အလုပ်စဆင်းတဲ့ရက်မှာ နောက်ကျနေလို့မဖြစ်ဘူး။

ဒေါက်.....ဒေါက်

''ဝင်ခဲ့....''

''ကျွန်တော်ရောက်ပါပြီခင်ဗျ....''

အသံဆာဆာလေးက ဟန်ဓနရိုးကိုချက်ချင်းပြုံးချင်လာအောင် ဖန်တီးပေးသည်။ကျွန်တော်တဲ့...လူကြီးယောင်ဆောင်နေတဲ့ ကလေးပေါက်လေးပဲ။

''လာလေ မြူလေး''

''ဟုတ်.....''

''ဟို....ကျွန်တော် နောက်များကျနေပြီလားဟင်''

''နောက်မကျပါဘူး မြူလေးရဲ့၊ဘာဖြစ်လို့လဲ''

''ဘာမှမဟုတ်ပါဘူး....ကိုဟန်ထက်စောရောက်သင့်တယ်ထင်လို့ပါ''

''ရပါတယ် ဒီနေ့ကိုယ်ကစောရောက်ဖြစ်နေလို့ပါ မြူလေးနောက်မကျပါဘူး၊ ခဏနော်''

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now