30

9.6K 507 35
                                    

Unicode




ကိုကိုကလိုက်ခဲ့ဆိုပြီးခေါ်လာတဲ့ဆိုင်က နာမည်ကြီးအမျိုးသမီးအဝတ်အစားဆိုင်ပင်။ ကိုကိုကကောင်မလေးကိုဝယ်မလို့ထင်တယ် မြူဒေါင်းရင်ထဲမှာ အခါးဓာတ်လေးဝင်လာရသည်။ သဝန်တိုခွင့်မရှိပေမဲ့ ကိုကိုအနားကမိန်းကလေးတွေကို မြူဒေါင်းအားကျမနာလိုက်တာကိုကို။ မြူဒေါင်းသာမိန်းကလေးတစ်ယောက်ဖြစ်ခဲ့ရင်ကိုကိုချစ်လာနိုင်လောက်မလား။ ခက်တာကမြူဒေါင်းဟာ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အပြင် ကိုကိုအရမ်းမုန်းနေခဲ့တဲ့သူပဲလေ ကိုကိုကဘယ်လိုလုပ်ချစ်လာနိုင်ပါ့မလဲ။ သူအရမ်းရူးမိတာပဲ။

''မြူဒေါင်းငယ်....''

''ဗျာ.....ကိုကို''

''ဒီထဲက မင်းနဲ့လိုက်မယ်ထင်တဲ့ဟာရွေး''

''ဗျာ......!''

ကိုကိုပြောတဲ့အဝတ်တွေကိုကြည့်မိတော့ အကုန်မိန်းမဝတ်တွေချည်းဘဲလေ။ သူကမိန်းကလေးမှမဟုတ်တာ အရင်တစ်ခါကလိုပဲကိုကိုကသူ့ကို အရှက်ခွဲချင်ပြန်ပြီထင်တယ်။ မြူဒေါင်းသက်ပြင်းချက်လိုက်ပြီး အဝတ်တွေထဲကမှအလုံဆုံးတစ်ထည်ကိုပဲရွေးလိုက်တော့တယ်။ သူဘာမှမတတ်နိုင်ဘူး သူကကိုကို့အတွက်အရုပ်ကလေးသာသာပဲလေ။ကိုကိုကြိုက်သလို ခြယ်လှယ်ခွင့်ရှိပါတယ်။

''မဆိုးဘူး လိုက်မဲ့ပုံပဲ သွားဝတ်ကြည့်''

''ကိုကို သားကိုဒါတွေဘာလို့ဝတ်ခိုင်းတာလဲဟင်''

''ငါခိုင်းတာသာအရင်လုပ်စမ်းပါ။ အရင်လိုလူတွေရှေ့ခေါ်မသွားဘူးစိတ်ချ''

''ဟုတ်.....''

မြူဒေါင်းငယ်ကို အဝတ်စားလဲခိုင်းပြီးသူကတော့ ဆိုင်ကအထည်လှလှလေးတွေကို လှည့်ပတ်ကြည့်နေလိုက်တယ်။ အကုန်လုံးက တန်ဖိုးကြီးပြီးလှလွန်းတော့ မြူဒေါင်းငယ်နဲ့ဆိုတော်တော်လေးလိုက်ဖက်နေမှာဘဲ။ စိုင်းသူ့ကိုယ်သူသေချာနားမလည်နိုင်တော့ဘူး ။သူ့အိမ်မက်ထဲမှာမြူဒေါင်းငယ်က ဂါဝန်ရှည်ကြီးနဲ့ပြေးလွှားပြီးကစားနေတာကိုမက်ကတည်း သူမြူဒေါင်းငယ်ဂါဝန်ဝတ်ထားတာကို ထပ်မြင်ချင်နေတော့ပဲ။အိမ်မက်ထဲမှာလည်းလှတယ်။အပြင်မှာလည်းလှနေမှာသေချာတယ်။

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now