27

9.4K 503 28
                                    

Unicode


.ဒီအပိုင်းတိုသွားခဲ့ရင်တောင်းပန်ပါတယ် စာထဲစိတ်မရောက်ဘူးဖြစ်နေလို့ပါ။


ဒီနေ့ရုံးပိတ်ရက် ။ အလုပ်သမားတွေ ရုံးဝန်ထမ်းတွေရဲ့ ကိုယ်ပိုင်အားရက်ချိန်လေးဖြစ်တာမို့ တစ်ချို့ကအိမ်မှာနားနားနေနေ နေကြလိမ့်မသည်။ တစ်ချို့ကျတော့ သူငယ်ချင်းတွေနဲ့စုပြီးချက်ပြုတ်စားသောက်ကြလိမ့်မယ်။ အမျိုးမျိုး စိတ်အပန်းဖြေကြလိမ့်ပေမယ့်။ ဟန်ဓနရိုးလိုလူမျိုးကတော့ နားချိန်တောင်အလုပ်ပဲ ဦးစားပေးနေပြန်၏။

ခြံဝန်းထဲက စိတ်အပန်းဖြေဖို့ချထားသည့် စားပွဲနှင့်ခုံပေါ်မှာအကျအနထိုင်လို့အလုပ်နဲ့ပတ်သတ်တာအချို့ကိုလေ့လာနေသော လူကြီးထံနိုရာအပြေးလေးသွားလို့ နှောက်ယှက်ဖို့ပြင်တော့သည်။ နှောက်ယှက်ချင်လို့တော့ မဟုတ်ပါဘူး သူမှမနှောက်ယှက်ရင် ဒီလူကြီးအလုပ်ဂျိုးကပ်တော့မှာစိုးလို့။

''လူကြီး....''

''အင်း....''

သူ့ဘက်တစ်ချက်လေးတောင်မလှည့်လာပါဘဲ အင်းလုပ်နေသည့် လူကြီးကိုလေ နိုရာကုတ်ဖဲ့ပစ်လိုက်ချင်သည်။ မလုပ်ရဲ့လို့ ဝွန်း။

''လူကြီးရေ.....လို့''

''ငြိမ်ငြိမ်နေ နိုရာ''

''နေချင်ပါဖူး လူကြီးကလည်း နိုရာပျင်းတယ်လို့''

''ပျင်းရေ မင်းသူငယ်ချင်းတွေစီ သွားလည်ပေါ့''

''နိုရာက လူကြီးနဲ့ပဲလည်ချင်တာ''

''ကိုယ်မအားဘူး''

''ဟင့် ဒီနေ့ကရုံးပိတ်ရက်လေ''

''ဒါပေမဲ့ ကိုယ်မအားဘူး''

''လူကြီးလိမ်နေတာ ဒါတွေကမဖတ်ပဲနေလဲရရဲ့သားနဲ့ မရဘူး နိုရာကိုအပြင်လိုက်ပို့''

''မဆိုးစမ်းနဲ့ နိုရာ''

''ဟင့်....တကယ်လိုက်မပို့ဖူးလား''

''အင်း....''

''ရတယ်လေ အဲ့ဆိုလည်း နိုရာ့သူငယ်ချင်းတွေနဲ့ အရက်ဆိုင်သွားမှာ''

''နိုရာ!''

''လူကြီးလိုက်မပို့ရင် နိုရာအကုန်လျှောက်လုပ်မှာ''

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now