Unicode
ဆောင်းဝင်ပြီဖြစ်တဲ့ တန်ဆောင်မုန်းလရဲ့ ညနက်တွေကထိန်းထိန်းလင်းလို့ ကြယ်တောက်တောက်တွေနဲ့ ညပိုင်းကအေးမြစွာလှပလို့နေသည်။ ခြံထဲရှိ ဒန်းပေါ်မှာထိုင်ပြီးမြူဒေါင်း လမင်းကြီးကိုငေးမောနေမိသည်။ ဟိုတစ်နေ့က ကိုကိုနဲ့မမမီတို့ ရန်ဖြစ်ကြပြီး ကိုကိုကအိမ်ကထွက်သွားဖြင့် အခုဆိုအိမ်ပြန်မလာတာ နှစ်ရက်တောင်ရှိသွားပြီ။ မြူဒေါင်းဆီတော့ဖုန်းနေ့တိုင်းဆက်ပြီး သက်သာလားအမြဲမေးပေမယ့် မြူဒေါင်းကိုကို့အား စကားကောင်းကောင်းပြန်မပြောမိ။ ကိုကို့ရဲ့လုပ်ရပ်ကြီးက သူ့ကိုအရိပ်မည်းကြီးလိုပဲထိတ်လန့်စရာဖြစ်စေခဲ့သည်။ ညတိုင်းအိမ်မက်ဆိုးကြီးအဖြစ်ပြန်ပြန်ပြီးမြင်မက်ခဲ့ရတဲ့နေ့ရက်တွေ။ ကိုကို့ကိုသူချစ်ခဲ့တာမှန်ပေမယ့် ကိုကိုကတော့သူ့ကိုချစ်လို့မဟုတ်ပဲအတင်းရယူခဲ့ခြင်းမို့ ပိုပြီးဝမ်းနည်းရ၏။
ညဆယ်နာရီရှိပြီ ဖြစ်ပေမဲ့ သူ့မှာအိပ်၍ပင်မပျော်နိုင်သေး။အေးလွန်းတဲ့ဆောင်းညဖြစ်ပေမယ့်လည်း အနွေးထည်အပါးလေးနဲ့သာခြံထဲမှာ တစ်ယောက်ထဲထိုင်ပြီး ကြယ်တွေကိုထိုင်ရေတွက်နေမိသည်။ တစုံတယောက်နဲ့မျက်နှာချင်းမဆိုင်ချင်သေးပေမဲ့လည်း အဲ့တစ်စုံတစ်ယောက်ကအနားမှာမရှိပြန်တော့သူ့အတွက်က အထီးကျန်စရာကောင်းလွန်းနေပြန်ပါသည်။
ပွမ်......ပွမ်......
ရုတ်တရက် နားထဲရိုက်ခတ်လာသည့်ကားဟွန်းတီးသံက ခြံရှေ့ကနေထွက်လာသည်။ မြူဒေါင်းသွားကြည့်လိုက်တော့ ကိုကို၏ကားဖြစ်နေသည်။ အပြေးလေးခြံတံခါးသွားဖွင့်ပေးလိုက်တော့ ကိုကိုကမျက်မှောင်တွေတွန့်ချိုးလျက်သူ့ကိုကြည့်ပြီးမှ ခြံထဲသို့ကားမောင်းပြီးဝင်လာ၏။
''မင်းမအိပ်သေးဘူးလား''
''ဟုတ်....''
''ဒီလောက်အေးနေတာကို ဘာကိစ္စအပြင်ထွက် နေတာလဲ ''
''သား မအိပ်ချင်သေးလို့ပါ''
''မအိပ်ချင်သေးလည်း အထဲဝင်နေရာသီဥတုက မင်းမေလင်မဟုတ်ဘူး။အအေးမိမှ အိမ်ကလူတွေကိုဒုက္ခမပေးနဲ့''
YOU ARE READING
𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }
Romanceစိုင်းတခေတ်မှိုင်း မြူဒေါင်းစိုင်းငယ် 26.8.2022 ဤစာပေသည်စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည် ။ မည်သူ့ကိုမှ ထိခိုက်နစ်နာလိုစိတ်မရှိပါ။