နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-1

454 4 0
                                    

"*မနက်အစောပိုင်းတွင် ကောင်းကင်တစ်ခွင်၌ ကြယ်လတို့ပျောက်ကာ နက်မှောင်သောမိုးသားများက နေရာလပ်မရှိ အပြည့်ဖြစ်နေတယ်
လေပြည်ညင်းတို့က အေးစက်သောအငွေ့အသက်တို့အပြည်ဖြင့် တိုးဝေ့တိုက်ခတ်နေတယ်............

မိုးရာသီမှာ မနက်အာရုံတက်ချိန် မိုးသားအပြည့်ဖြင့် လေပြည်ညင်းတို့တိုက်ခတ်နေချိန်ဆို သိပ်အိပ်လို့ကောင်းတာ......................

ခွင်းကတော့ အိပ်ယာထရတော့မယ့်အချိန်ဆိုတာ သိနေပေမယ့် မထချင်ဘူးဖြစ်နေတယ်.............

" ဒေါက် ဒေါက် ဒေါက်

မြေးရေ.....ထတော့လေ......၅နာရီ ၁၅မိနစ်ဖြစ်နေပြီလေ.......ဘုရားရှိခိုးရမယ့်အချိန်ရောက်နေပြီ......

ဟုတ်.......နိုးနေပါပြီဘွား....သမီးလာခဲ့မယ်...........

အေးအေး.......နောက်မကျစေနဲ့နော် ဘွား....ဘုရားခန်းမှာ စောင့်နေမယ် ကြားလားမြေး

ဟုတ်..............ကဲ့.................ဘွား...............

ဒေါ်နံ့သာခွင်း.......ဟုတ် နဲ့ ကဲ့ ကို တစ်လုံးချင်းခွဲပြောနေတဲ့မြေးဖြစ်သူအကြောင်းကိုသိနေတဲ့အတွက် ဘာမှဆက်မပြောတော့ဘဲ ဘုရားခန်းကိုသာထွက်လာခဲ့တယ်...............

::::::::::::::::::::: :::::::::::::::: ::::::::::::: ::::::::::::::::

လင်း ဒီနေ့ အထက်တန်းပထမနှစ်ဖြစ်တဲ့ အဋ္ဌမတန်းကို စတက်ရမယ့် နေ့ဖြစ်တာမို့ မနက်၅နာရီမှာ  နိုးနေတာ................

အိပ်ရာမှထကာ ပြတင်းပေါက်အနားသွားကြည့်တော့ မိုးသားအပြည့်နှင့် လေပြည်ညင်းတို့က တရွေ့ရွေ့တိုက်ခတ်နေတာကိုတွေ့လိုက်ရတယ်

အင်း......ပထမဆုံးရက်မှာ မိုးအေးအေးနဲ့ ကျောင်းတက်ရတော့မှာပဲ...........

မိုးကတော့မရွာသေးဘူး ကျောင်းသွားချိန်မှရွာမလားမသိဘူး
ရန်ကုန်မှာဆို သူတို့ကျောင်းသားကျောင်းသူတွေ ကျောင်းတက်ချိန်ကျောင်းဆင်းချိန်မှ ကွက်တိ ရွာချတာ

ပြင်ဦးလွင်မိုးကတော့ ဒီလိုမဖြစ်လောက်ဘူးထင်ပါတယ်

မျက်နှာသစ်ရတော့မယ်။ဘိုးက မနက်၆နာရီတိုင်း  မနက်စာစားချိန်လို့ ပြောထားတာ

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now