နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-2

149 1 0
                                    

အ.ထ.က(၂)ပြင်ဦးလွင်
ဒါ သူ အထက်တန်းကို ပြီးဆုံးတဲ့အထိ တက်ရမယ့် ကျောင်းတော်ပဲ
ရန်ကုန်မှာဆို သူ့ရဲ့တစ်နေ့တာကျောင်းသွားကျောင်းပြန် ခံစားချက်က အေးစက်နေတာ
အခု ဘိုးနဲ့ဘွားဆီမှာလာတက်ရတဲ့ ကျောင်းသားခံစားချက်က အခုမှကျောင်းတက်ရမယ့်သူတစ်ယောက်လို ရင်ခုန်နေတာ
ကျောင်းသားကျောင်းသူတွေ အသီးသီး ကျောင်းထဲဝင်သွားကြတာကို ကြည့်ရင်း သူလည်း စက်ဘီးကိုတွန်းကာ ကျောင်းထဲသို့ဝင်လာခဲ့တယ်
စက်ဘီးထားရမယ့်နေရာက အဋ္ဌမတန်းအဆောင်နှင့် မလှမ်းမကမ်းမှာရှိနေတာကြောင့် စက်ဘီးထားဖို့အဆင်ပြေပါတယ်
ကျောင်းက သူ့အတန်းနဲ့သူ စက်ဘီးတွေကို သီးသန့်စီနေရာစီစဥ်ပေးထားတာကြောင့် ကျောင်းသားကျောင်းသူတွေအတွက် အဆင်ပြေစေပါတယ်
သူတက်ရမယ့်အခန်းက အဋ္ဌမတန်း(A)ခန်းဖြစ်တာကြောင့် ထိုအခန်းဆီသို့လျှောက်လာကာ ပြတင်းပေါက်နားက ခုံမှာ ဝင်ထိုင်နေလိုက်တယ်
သူထိုင်တဲ့ခုံက ရှေ့ဆုံးခုံဖြစ်ပြီး ထိုခုံမှာ ကျောင်းသား၂ယောက်ဝင်ထိုင်နေတာကို သူ အခန်းထဲဝင်လာကတည်းက တွေ့ပါတယ်
"မင်းက ဒီနှစ်မှ ကျောင်းပြောင်းလာတာထင်တယ်
အင်း...ဟုတ်တယ်
ငါ့နာမည်က ခန့်ညားဘုန်း
ငါ့နာမည်က သွင်ထက်ယံ"
သူ့ဘေးကနှစ်ယောက်က စကားစပြောရင်းနာမည်မိတ်ဆက်လာတာမို့ သူလည်း
"ငါ့နာမည်က နေဂုဏ်ရှိန်လင်း"
နာမည်က အလန်းစားပဲ
မဟုတ်ပါဘူးကွာ မင်းတို့က ဒီကျောင်းမှာ တက်တာကြာပြီလား
အေးကြာပြီကွ ငါတို့၅တန်းတည်းက ထ၂မှာပဲ တက်လာတာလေ
မင်း ကျောင်းနဲ့ပက်သက်ပြီးသိချင်တာရှိရင် ငါတို့ကိုမေးလို့ရတယ် နေလင်း
မင်းက ငါ့နာမည်ကို ရှေ့နဲ့နောက်ပေါင်းခေါ်လိုက်တာပဲ
အေးလေ မင်းကရှေ့ကနာမည်ခေါ်ရင်ကျတော့ တစ်မျိုးမို့လို့ ပေါင်းခေါ်လိုက်တာ
အဆင်ပြေတယ်မလား
ရပါတယ် နာမည်က ကိစ္စ မရှိပါဘူး
သူတို့၃ယောက်ထိုင်နေတာက အတန်းတံခါးဝဘေးကRowဖြစ်တာမို့ သူတို့ရှေ့ကနေ ကျောင်းသားကျောင်းသူတွေ တစ်ယောက်ပြီးတစ်ယောက်ဝင်လိုက်ထွက်လိုက်လုပ်နေတာကို မြင်နေရပါတယ်
"ညသံသရာခွင်း "
အမလေး အမေရေ
အခန်းတံခါးဝကနေ အတန်းထဲသို့ဝင်လာတဲ့မိန်းကလေးတစ်ယောက် ရုတ်တရက် လန့်သွားတယ်
ထိုမိန်းကလေးမှ
"ဟဲ့ ကျောင်းစတက်တဲ့ နေ့မှာ ဘယ်လိုဖြစ်လို့ အသံကျယ်ကြီးအော်ခေါ်နေကြတာလဲ
ဟဲဟဲ ငါတို့က ဝမ်းသာသွားလို့ပါဟယ်
ဒီကိုလာ ခွင်း ငါတို့ နင့်အတွက် နေရာဦးထားတာ ရှေ့ဆုံးတန်းကိုလာခဲ့
ကျစ် ဒီသုံးယောက်နဲ့တော့လေ တစ်ကယ် မနိုင်ဘူးဟာ
အတန်းတစ်တန်းကို RowသုံးRowခွဲကာ လူသွားလမ်းထားပြီးထိုင်ရတာမို့ ထိုမိန်းကလေးရဲ့သူငယ်ချင်းတွေက အခန်းထောင့်Rowရဲ့ရှေ့ဆုံးခုံမှာထိုင်နေကြတယ်
အလယ်Rowမှ မိန်းကလေးတစ်ယောက်မှ
"နှစ်စဥ်ရိုးရာမပျက်ထအော်နေကြအကျင့်လေးက ကျောင်းခေါင်းလောင်းထိုးခါနီးအထိ မကြားရသေးတာမို့ ငါကရိုးရာပျက်ပြီထင်တာ
ရိုးရာမပျက်သေးကြောင်း မေနှင်းခက်တို့ကသက်သေပြလိုက်ပါပြီ.............."
စကားအဆုံးမှာ တစ်ခန်းလုံးတဟားဟားနဲ့ရယ်သံတို့ဆူညံသွားပါတယ်
သွင်ထက်ယံမှ....."အဲ့တာငါတို့ကျောင်းရဲ့Top 10စာရင်းဝင်ကျောင်းသူတွေလေ
မင်းတို့နဲ့လည်းသူငယ်ချင်းပဲလား
သူငယ်ချင်းတောင်ရိုးရိုးမဟုတ်ဘူး သူငယ်တန်းတည်းကခင်လာတဲ့ငယ်သူငယ်ချင်းအရင်းကြီးတွေပါဗျာ
အင်း........စာတော်တဲ့သူတွေပေါ့
ဒါပေါ့ စာတော်ရုံတင်မကဘူး သွက်သွက်လက်လက်အရှိဆုံးကျောင်းသူတွေထဲမှာလည်းပါတယ်
ခုနက မင်းလန့်သွားတာမြင်လိုက်တယ်
အေးကွာ ရုတ်တရက်ကြီးဆိုတော့ ငါလည်း လန့်သွားတာ
သူတို့အော်သံက ဖြူဖြူကျော်သိန်းလက်ထွက်တွေလို့ပြောလို့ရတယ်
ဟားဟား ဟားဟား
သူတို့၃ယောက်က တဟားဟားနဲ့ရယ်နေတာမို့ ဟိုဘက်ထောင့်Rowမှ မိန်းကလေးတစ်ယောက်က
"ဟဲ့ ခန့်ညားဘုန်း နင်တို့ဘာတွေအော်ရယ်နေတာလဲ
ဘာမှ ဘာမှမရယ်ပါဘူးဟာ
ခန့်ညားက ရယ်ရင်းပြန်ဖြေတာမို့
မလိမ်နဲ့နော် နင်ငါတို့အကြောင်းပြောပြီးရယ်နေတာမလား
အဟားဟား ဟားဟားဟား
ခန့်ညားက ရယ်တာကိုထိန်းရင်း ချောင်းတစ်ချက်ဟန့်ကာ
"အဟမ်း နင်ဘယ်လိုသိတာလဲ
အံမယ် နင်ကအခုမှသိတဲ့လူလည်းမဟုတ်ဘူး
နင်တို့ရယ်နေတာမသိဘူးများထင်နေလား
ဆော ဆောရီးပါဟာ
သူငယ်ချင်းအရင်းကြီးတွေမို့ ခွင့်လွှတ်ပေးလိုက်မယ်
ကျေးဇူးကြီးမားလှကြောင်းပါ"
မရွဲ့နဲ့ သတိထားနေ
ဟားဟား အေးပါ မေနှင်းခက်ရယ်
တော်တော် နင်တို့စကားပြောရင်စိတ်တိုရတယ်
အမလေး သူကပဲ ပြောရတယ်ရှိသေး
ဘာဖြစ်တုန်း.......
နင် နင် မိန်းမကြီးကျနေတာပဲ ငါ့ကိုပြန်ရန်တွေ့နေတာ
သြော် ဒီအချစ်တော်နှစ်ယောက်ကလည်း မတွေ့ရမနေနိုင် မကိုက်ရမနေနိုင်ဆိုသလိုပဲ
ညသံသရာခွင်း
နှစ်ကောင်သား ပြိုင်တူ သူမနာမည်ကိုအော်ခေါ်လာတယ်
ဟားဟား နင်တို့ကရန်ဖြစ်ရင်သာမတည့်တာ ငါ့နာမည်ခေါ်ဖို့ကျတော့ နံပါတ်စဥ်ရေစရာမလိုဘူး
နင်ပြောတာလည်းကြည့်ဦးလေ ခွင်းရယ်
ဟားဟား အေးပါဟာ
လင်းကတော့ ဒီနေ့ ကျောင်းစတက်တဲ့နေ့မှာ သူငယ်ချင်းနှစ်ယောက်ရပေမယ့် ထိုသူငယ်ချင်းနှစ်ယောက်နဲ့ငယ်သူငယ်ချင်းတွေ့ဖြစ်ကြတဲ့မိန်းကလေးအဖွဲ့ရဲ့ ဂန္တဝင်အသံချိုချိုလေးတွေကို နားအူလောက်အောင်အထိ ကြားခဲ့ရပါတယ်
အတော်မလွယ်တဲ့ဟာလေးတွေ စာတော်တဲ့စာရင်းဝင်နေလို့သာပဲ အသံက အော်ပရာဝင်ပြိုင်လို့ရတယ်
ညသံသရာခွင်း နင်လည်းသတိနဲ့နေနော် အဲ့သုံးယောက်နဲ့ပေါင်းပြီး နင်ပါ အသံကျယ်လာလိမ့်မယ်
သွင်ထက်ယံ
နင်တော့နာချင်နေပြီ
ဟဲ့ ဟဲ့ သမုနွယ်လွင်ရယ် စိတ်ထိန်းပါဟဲ့ ကျောင်းစတက်ရက်ကြီးမှာ ရုံးခန်းရောက်နေမယ်
သွင်ထက်ယံ နင်လည်းတော်တော့ ပြီးရင်ဟုတ်တာလည်းမဟုတ်ဘူး ပြန်တည့်သွားတာလည်းနင်တို့ပဲ
အတန်းထဲကသူတွေကတော့ သူတို့အကြောင်းသိပြီးသားမို့ မထူးဆန်းတော့သလို ကိုယ်လုပ်စရာရှိတာလုပ်နေတဲ့သူကလုပ်၊အတန်းဖော်သူငယ်ချင်းနဲ့စကားပြောနေတဲ့သူကပြောနဲ့ ကိုယ်စီနေရာမှာ ထိုင်နေကြတယ်
ဒါနဲ့ နင်တို့ဘေးနားမှာထိုင်နေတဲ့သူက ကျောင်းသားအသစ်လား
အေးဟုတ်တယ် ဒီနှစ်မှ ပြောင်းလာတာတဲ့
နေလင်း မင်းမိတ်ဆက်လိုက်ဦး ဖြူဖြူကျော်သိန်းလက်ထွက်အဖွဲ့ကို
ခန့်ညားဘုန်း.......
ဒီတစ်ခါတော့ ခုနကဝင်ထိန်းနေတဲ့ ညသံသရာခွင်း ဆိုတဲ့ မိန်းကလေးပါ အော်လေရဲ့
ဟားဟား
ငါက နေဂုဏ်ရှိန်လင်း
ဟင် တုံးတိကြီး
မသွေးရသေးဘူးထင်တယ်
အေး ကျောင်းဆင်းရင်ဝယ်ပေးလိုက်ဦး
ဟားဟား ဟားဟား
ညသံသရာခွင်းရယ် နင်ပြောလိုက်ရင်လေ ဟားဟား
ခန့်ညားကတော့ ပြောရင်း ရယ်နေလေရဲ့
ဟုတ်တယ်လေ သူမိတ်ဆက်တာက "ငါက နေဂုဏ်ရှိန်လင်း" အဲ့လိုကြီး ပြောတာကို
ငါက ဒီလိုပဲ ပြောတတ်တာမို့လို့
အေးပါ ရပါတယ် ဘာပဲဖြစ်ဖြစ် နင်လည်းငါတို့သူငယ်ချင်းဖြစ်သွားပြီနော်
ဟမ်...........
ငါတို့နှစ်ကောင်ရယ် သူတို့၃ယောက်ရယ်က အဖွဲ့လေ
ဒီအခန်းထဲကသူတွေလည်း အဲ့လို အဖွဲ့လိုက်တွေချည်းပဲ
ကိုယ်ခင်မင်ရာသူငယ်ချင်းတွေအစုလိုက်အဖွဲ့ဖွဲ့ထားတာလေ
ဒါပေမယ့် အကုန်လုံးကသူငယ်ချင်းတွေပါပဲ
သြော် ဒါဆို ငါကမင်းတို့အဖွဲ့ဝင်ဖြစ်သွားပြီပေါ့
ဒါပေါ့ လေအိုးဖြူဖြူအဖွဲ့မှ ကြိုဆိုပါတယ်
ဟားဟား ဟားဟား
သူပါ ထိုသူငယ်ချင်းတွေနဲ့အတူလိုက်ရယ်မိတယ်
တစ်ကယ် ပျော်ဖို့ကောင်းတဲ့အဖွဲ့ပဲ အခုမှ သူငယ်ချင်းရှိတဲ့ခံစားချက်ကိုသိရတယ်
သူအရင်တက်ခဲ့တဲ့ရန်ကုန်ကျောင်းမှာက Private School ဖြစ်တာမို့ အားလုံးက ဂုဏ်တွေပကာသနတွေနဲ့ ခင်မင်ကြတာ
တစ်ကယ့် ခင်မင်မှုဆိုတာက သိပ်မရှိသလောက်ပဲ
သူကနဂိုကတည်းက သီးသန့်နေတတ်သူဆိုတော့ပိုဆိုးတယ်၊သူငယ်ချင်းအပေါင်းအသင်းဆိုတာမရှိခဲ့ဘူး
အခုရတဲ့သူငယ်ချင်းတွေက စိတ်ရင်းနဲ့ ပြောဆိုနေတယ်ဆိုတာ သူခံစားမိတယ်
ဒီပြင်ဦးလွင်မှာ ကျောင်းတက်ဖို့ ရွေးချယ်ခဲ့တာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုသူချခဲ့တာပဲ။

ကလင် ကလင် ကလင် ကလင် ကလင်
"ဟော ကျောင်းတက်ခေါင်းလောင်းမြည်နေပြီ
နိုင်ငံတော် အလံ အလေးပြုရတော့မယ်
ထ နေလင်း ကွင်းပြင်ထဲသွားမယ်
အခန်းရှေ့မှာပဲ အလေးပြုရမှာမဟုတ်ဘူးလား
မဟုတ်ဘူးကွ ငါတို့ကျောင်းမှာက နိုင်ငံတော်အလံအလေးပြုပြီဆိုရင် ကွင်းပြင်ထဲမှာ အတန်းလိုက် နေရာယူပြီးတန်းစီရတယ် ပြီးရင် အတန်းကြီးကျောင်းသား၄ယောက်က အလံရှေ့မှာမတ်တပ်ရပ်ပြီး အလေးပြုဖို့အော်ရတယ်
မင်းတို့ကျောင်းမှာကဒီလိုမလုပ်ဘူးလား
မလုပ်ဘူးကွ အတန်းရှေ့မှာပဲအလေးပြုရတာ
ဟဲ့ နင်တို့မြန်မြန်လာလေ နောက်ကျရင် ဆရာကြီး ဆူလိမ့်မယ်
အေးပါဟ လာပါပြီ
******* ******** ****** ****** ****** ****** *******
Part-3မျှော်
Author Ester Linn

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now