Part-39

45 2 0
                                    

^*^*
"ဒါဆို အခု အခု အခုဘွားဘွားအခြေအနေကဘယ်လိုနေလဲဟင် သက်သာရဲ့လားဟင် တီခိုင်

သတိတော့မရသေးဘူးသမီး

ဒါဆို ဒီနေ့ညနေလေယာဥ်နဲ့သမီးပြန်လာခဲ့မယ် သမီးမရောက်သေးတဲ့အချိန်အတွင်းမှာ ဘွားကိုသေချာစောင့်ရှောက်ပေးပါဦးနော် တီခိုင်

စိတ်ချပါကွယ် သမီးလည်း လေယာဉ်စီးတာဂရုစိုက်ဦးနော်

ဟုတ်ကဲ့ တီခိုင် ဒါဆို သမီး ဖုန်းချတော့မယ်နော်

အေးအေး သမီး """

ချက်ချင်းပဲ အင်တာနက်ကနေ လေဆိပ်ဖုန်းနံပါတ်ရှာပြီး ညနေ၄နာရီ လေယာဉ်လက်မှတ်လှမ်းဖြတ်လိုက်တယ်
သူအမြန်ရောက်မှဖြစ်မယ် ဘွားဘေးနားမှာသူမရှိနေမှဖြစ်မယ်

""ညရေ ကိုယ်မင်းအတွက်............. ""

""ဂုဏ် ""

ဟင် ညကခရီးဆောင်အိတ်နှစ်လုံးရယ် အခုချက်ချင်း အပြင်သွားမယ့်ပုံစံကိုဝတ်ထားတာကို သူတွေ့လိုက်ရတယ်
""ည ဘယ်သွားမလို့လဲ လက်ထဲမှာလည်းခရီးဆောင်အိတ်တွေနဲ့

ညအခုမြန်မာကိုပြန်မှရမယ်ဂုဏ်
ဘွား ဆေးရုံတင်ထားရတယ် ဘွား ဘွားက နှလုံးဖောက်ပြီးသတိမေ့သွားတာတဲ့ဂုဏ် ဘွားရဲ့နှလုံးကလည်းအခြေအနေသိပ်မကောင်းဘူး အစားထိုး ခွဲစိတ်မှု လုပ်ရမယ့်အခြေအနေမှာရှိနေတယ်

ဟုတ်လား ဒါဆို ကိုယ်ပါလိုက်ခဲ့မယ်လေ

ဟင့်အင်း မလိုက်နဲ့ ဂုဏ်
ညပဲပြန်လိုက်မယ် ဂုဏ်ကနောက်မှလိုက်လာခဲ့နော်

ကိုယ်သာညဆီမလာခဲ့ရင်ညမြန်မာပြည်ပြန်သွားတာကိုယ်သိလိုက်မှာမဟုတ်ဘူး

ညပြောဖို့တွေးပါသေးတယ် ဘွားကိုစိတ်အရမ်းပူနေတာနဲ့ဖုန်းနဲ့ပဲလှမ်းပြောတော့မလို့ပါ

အင်းပါ ကိုယ်ကဘာမှမဖြစ်ပါဘူး
ကိုယ်မနက်ဖြန်လိုက်လာခဲ့မယ်နော် လာ ကိုယ် လေဆိပ်လိုက်ပို့ပေးမယ် အိတ်တွေကိုယ့်ကိုပေး

ရပါတယ် ညသယ်နိုင်ပါတယ်

ပေးပါ ချစ်သူထားတာအားကိုးဖို့လည်းပါတယ်လေဗျာ
ကိုယ့်ကိုအားကိုးလိုက်စမ်းပါညရဲ့

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now