Part-32

36 2 0
                                    

"သူအခုဖတ်လိုက်ရတာက....ညရဲ့အဖြေလား.......
ဂုဏ့်ကို ချစ်တယ်တဲ့......ဟား.....တစ်ကယ် တစ်ကယ် ကြီး သူအဖြေပြန်ရလိုက်တာလား.......ဟားဟား ပျော်လွန်းလို့ ရူးတော့မယ် ထင်တယ်.... "

သူအခုပျော်လွန်းလို့ နှလုံးခုန်နှုန်းကပေါက်ထွက်တော့မတက်ကို ခုန်နေတာ....တဟားဟားနဲ့ရယ်နေတာ........

".မြေးငယ် မအိပ်သေးဘူးလား ဘာတွေရယ်နေတာလဲ
ဗျာ အိပ်.....အိပ်ပြီ ဘိုးရေ
အေးအေး....ညည့်မနက်စေနဲ့ ကြားလား
ဟုတ်ကဲ့ ဘိုး "

တော်သေးတာပေါ့ သူ့ရယ်သံကြောင့် အဘိုးကအခန်းထဲထိဝင်မလာဘဲ အပြင်ကပဲ မေးသွားလို့....
နေဦး ဒီလိုပျော်စရာသတင်းကို သွင်ထက်တို့ကိုလှမ်းကြွားရမယ်

"ဟဲလို နေလင်း ည၁၀နာရီ ထိုးနေပြီ ဘာကိစ္စလဲ

မင်းကအိပ်နေပြီလား

အေးအိပ်တော့မလို့

မအိပ်ပါနဲ့ဦး ငါပျော်စရာလေးပြောပြချင်လို့

ပြောစမ်းပါဦး

ငါ ညဆီက အဖြေရပြီသားကြီးရေ....ညက ငါ့ကို ချစ်တယ်တဲ့ ဟဟ

ဟမ်....."

သွင်ထက် အိပ်ချင်စိတ်တောင်ပြေသွားသလိုပဲ....ဘာတဲ့ သူအခုကြားလိုက်ရတာ....ခွင်းကနေလင်းကိုအဖြေပြန်ပေးလိုက်ပြီတဲ့.......အခု အဖွဲ့ထဲမှာ ရည်းစားမရှိFAဆိုလို့ ယောကျ်ားလေးထဲမှာ သူပဲကျန်တော့တာပေါ့.....ဟားးးမမိုက်လိုက်တာကွာ.....
"Congratulations သားကြီး မင်းအတွက် ပျော်ပါတယ်ကွာ.....

ဂုဏ်ပြုပေးတဲ့အသံကလည်း အားမပါလိုက်တာကွာ....ဘာဖြစ်သွားတာလဲ ဟေ့ရောင်

ယောကျ်ားလေးသုံးယောက်ထဲမှာငါပဲရည်းစားမရှိတာလေ....အခုမင်းလည်းခွင်းနဲ့ချစ်သူတွေဖြစ်သွားပြီ

မင်းကလည်း သမုရှိပါသေးတယ်ကွာ.....

အဲ့ဂျပုမကဒီတစ်သက်ရည်းစားရမှာမဟုတ်ဘူး.......

ဟားဟားဟား သွင်ထက် မင်းကတော့ကွာ

နေလင်းတို့များ ချစ်ရသူဆီက အဖြေရတာကို ည၁၀နာရီကြီး ဖုန်းလှမ်းဆက်ပြီးတော့ကိုကြွားတာနော်

ဒါကတော့ ဒီလိုရှိတယ်သူငယ်ချင်းရဲ့...

တော်စမ်းပါကွာ

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now