Part-35

56 2 0
                                    

"ညတို့ နှစ်ပတ်လောက် အဆက်အသွယ်မလုပ်ဖြစ်ဘူး....ကျူရှင်မှာ အတူရှိပေမယ့် အများနဲ့လိုက်လျောညီထွေနေရတာမို့ တစ်ယောက်နဲ့တစ်ယောက် အနီးကပ်ရှိခွင့်မရဘူး
မျက်လုံးချင်းသာ စကားပြောနေမိတယ်......
"ညလည်းသတိရတာပေါ့ဂုဏ်ရယ်......နေ့စဥ်ပြောနေကြ"ချစ်တယ် "ဆိုတဲ့ စကားကိုလည်း  ပြောချင်ပါတယ် ဒါပေမယ့် ညတို့ကို သတိထားမိသွားကြမှာစိုးလို့ ဆင်ခြင်ရမယ်မလား......."

"အန်ကယ်က သဘောကောင်းတာကြောင့် ညတို့ဆက်ဆံရေးနဲ့ပက်သက်ပြီး စိတ်ပူစရာမရှိပါဘူး
ညကို သမီးလေးလို ဆက်ဆံပါတယ်.....ခက်တာက အန်တီဒေါ်ခက်ဂုဏ်လင်းပဲ

ဂုဏ်နဲ့စေ့စပ်ထားတယ်ဆိုတဲ့မေသက်လွင်က ချစ်စရာကောင်းပါတယ်....သူ့ရဲ့ရဲတင်းတဲ့အပြုအမူတို့ကိုဖယ်လိုက်ရင် ရိုးသားဖြူစင်တဲ့မိန်းကလေးတစ်ယောက်ပါ

ဂုဏ်နဲ့ညရဲ့အနာဂတ်ကို တွေးကြည့်ရင် အခုလို အတူရှိနိုင်ပါ့မလား......ဂုဏ်ကညကိုသိပ်ချစ်တာသိပေမယ့် ရွေးချယ်ရတော့မယ်ဆိုရင် ဂုဏ် ရွေးချယ်နိုင်ပါ့မလား

ညကမိန်းကလေးမို့ ဂုဏ်နဲ့ပက်သက်ရင် စိတ်ခံစားချက်က အားငယ်တယ်....အတွေးလွန်တယ်ဂုဏ်ရယ်

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

"ရန်ကုန်မြန်မြန်ပြန်ပါတော့မေမေရယ်....ဒီအရှုပ်တွေကိုလည်းခေါ်သွားပေးပါ.....ပြန်မယ့်ရက်ကိုပဲရောက်နေပြီ ဘာလို့မပြန်ကြသေးတာလဲ.....
ညကိုအရမ်းလွမ်းနေပြီ နေ့တိုင်း ပြောနေကြဖုန်းလည်းပြောချင်ပြီ Viedo Callလည်းမပြောရတော့ လူမှာ  ရူးမလိုပဲ.....ညကိုမြင်သာမြင်မကြင်ရတဲ့ဘဝရောက်နေတယ်.....ကျူရှင်မှာကျ "နင်၊ငါ"ကိုပဲ ပြောနေရတာ သူ့မှာ ကိုယ့်ချစ်သူကို ယုယခွင့်မရဘူး......

ဖေဖေက ဘိုးဘိုးကိုပြောပြထားလားမသိဘူး
သူ့ကိုတွေ့ရင် ပြုံးစိစိနဲ့ စကားပြောရင်လည်း မထိတထိကပြောလိုက်သေးတယ်...........

***********************************************

"ကိုနေနဲ့ညသံသရာခွင်းကိုစောင့်ကြည့်ချင်ခဲ့ပေမယ့် ကိုနေ့ဖေဖေက သက်ကိုလိုက်ခွင့်မပေးဘူး.......အန်ကယ်ပဲသွားကြိုတယ် ပြီးရင် ချက်ချင်း အိမ်ပြန်မလာဘူး အပြင်မှာ တစ်နာရီလောက် အချိန်ကြာပြီးမှပြန်လာတယ်
ညနေစာအတူစားလိုက်ရတာက မေခက်ကြောင့်သာ
ထိုနေ့က မေခက်အတင်းအကြပ်လုပ်လို့သာ ကိုနေ့ကို ညစာထမင်းဝိုင်းမှာအတူတွေ့ရတာ.....အဲ့နေ့က ကိုနေ့မျက်နှာက တစ်ကယ် ပုံမှန်တွေ့နေကြပုံစံမဟုတ်ဘူး အေးစက်လွန်းတယ်.......
ကိုနေ့ဘိုးဘိုးနဲ့ဘွားဘွားကလည်း မျက်နှာမကောင်းဘူး.........သက်ကလည်း ကိုယ့်ကိုမလိုလားတဲ့အရိပ်အယောင်တွေကို အဘိုးနဲ့အဘွားဆီမှာမြင်နေရတာကြောင့် ကိုယ့်ဘာသာပဲနေတယ်

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now