Extra Part-9 Final Episode 🖤⚜️

106 3 0
                                    

" နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား"
Extra  Part-9✨🖤⚜️Final Episode 🖤

မနက်ဖြန်ကတော့ မိသားစုအလိုက် ပျော်ပွဲစားထွက်ဖို့ စီစဉ်ထားတာဖြစ်သည်

" ညက အားလုံး အိပ်ပျော်ကြရဲ့လားဟေ့

အိပ်ပျော်တာတော့ ပြောမနေနဲ့ ရေတောင်မချိုးပဲ တန်းအိပ်ချင်တာ
တစ်နေကုန် အပြင်ထွက်လည်ထားတာဆိုတော့ ချွေးတွေနဲ့ အိပ်လို့မဖြစ်ဘူးလေ
ရေလည်းချိုးပြီးရော သားမိသားဖတွေ အိပ်ပျော်သွားတာပါပဲဟာ

ငါတို့လည်း အတူတူပဲ ကလေးတွေကို သိပ်ပြီး ငါနဲ့"ည"လည်း ဖတ်အိပ်သွားတာပဲ

အမလေးနော် ဖတ်မအိပ်လို့ နင်က ခွအိပ်ချင်သေးတာလား
ရိုးရိုးအိပ်ပျော်သွားတယ်လို့ ပြောလည်းရရဲ့သားနဲ့ ဖတ်အိပ်တယ်လို့က ထည့်ကြွားလိုက်သေးတယ်

ပြောမနေနဲ့ နွယ် ဒီနွားက သူ့မိန်းမနဲ့ပက်သက်ရင် ဦးနှောက်လွတ်နေတဲ့အတိုင်းဖြစ်နေတာ

အောင်မာ ငါ့သာလာပြောနေတာ မင်းကရောဘာထူးလို့လဲ သမုမ နယ်ပြောင်းသွားတော့ အလွမ်းကိုအကြောင်းပြပြီး နေ့တိုင်းအရက်ပုလင်းထောင်နေတာလေ

ဟေ့ကောင် ငယ်ကျိုးငယ်နာတွေ လာမဖော်နဲ့နော်

ဟားဟား ဒါဆို မင်း ငါ့ကိုလာမစနဲ့လေ မဟုတ်ရင်တော့ ငါကဖော်မှာပဲ

သူတောင်းစား.....

ဟယ် ကြည့်စမ်း မနက်စောစောစီးစီး ဆဲရေးတိုင်းထွာနေတာ
သွင်ထက်ယံ ရှင်နော် နာချင်နေတာလား

နွယ်ကလည်း.....ဟိုကောင် နေလင်းကြောင့်လေကွာ

ဘယ်လိုပဲဖြစ်ဖြစ် မနက်အစောကို ဆဲရေးတိုင်းထွာခြင်းမပြုရဘူးလေ လာဘ်တိတ်တယ်

ဟုတ်ပါပြီ နွယ်ရယ် ကိုယ် မပြောတော့ပါဘူး ဟုတ်ပြီလား

တွေ့လား ခန့်ညား ဒီကောင် ငါ့သာပြောနေတာ မိန်းမကတစ်ခွန်းဆို တစ်ခွန်း မီးသေသွားတာကြည့်

ဟုတ်ပါ့ ဒါကို ငါတို့ကို လာဖြဲနေသေးတယ်

ဟေ့ရောင်တွေ မင်းတို့နော်.....

ကိုထက်ရေ......"
သမုမက "ကိုထက်ရေ"ဆိုတာနဲ့ အကြည့်ရော အမူအယာပါပြောင်းသွားသည့် သွင်ထက်ယံကြောင့် သူတို့အားလုံး ရယ်မိကြပြန်သည်

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now