Part-28

41 1 0
                                    

"ကလင် ကလင်ကလင် "

"ကျောင်းခေါင်းလောင်းထိုးပြီ......."

"မင်းခန့်သူ.....ငါမနက်ဖြန်ကျောင်းမလာဖြစ်ဘူး.....
တစ်ခါတည်း ခွင့်တိုင်ခဲ့မယ်...မနက်ဖြန်ကျောင်းတက်စာရင်းမှာ ခွင့်လို့ရေးပေးထားပေး......

အေးအေး ငါတို့လည်း ခွင်းကို လာကြည့်ဦးမယ်....
မင်းဖုန်းနံပါတ် ပေးခဲ့ဦး
ခွင်းတက်နေတဲ့ဆေးရုံနာမည်ကိုလှမ်းမေးမလို့......

အေး ဒီမှာ ရေးပေးခဲ့ပြီးပြီနော်
ငါသွားပြီ

အေးအေး ဂရုစိုက်သွားဦး နေဂုဏ်......."

"နေရည် ညသံသရာခွင်းရဲ့သတင်းကြောင့် ပြာယာခတ်နေတဲ့နေဂုဏ့်ကိုကြည့်ပြီး အပြုအမူတစ်ခုလေးတောင် ဘယ်သူမှ သံသယမဝင်မိအောင် ထိန်းထားရတယ်
နေရည်သာ မူပျက်နေရင် အားလုံးက သံသယဝင်ကြမှာ
အခုထိ ဘယ်သူမှ ညသံသရာခွင်း ဘာလို့ အခုလို ဖြစ်သွားရလဲဆိုတာကို အဖြေမရှာကြသေးပေမယ့် အပြစ်ကျူးလွန်ထားတဲ့သူမို့ လိပ်ပြာလုံစွာ မနေနိုင်ဘူးဖြစ်နေတယ်
ငါ ငါအဲ့လိုဖြစ်စေဖို့ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး
ငါခဏတာဒေါသရှေ့ထားမိလို့ဖြစ်သွားရတာပါ
ငါ တောင်းပန်ပါတယ် ညသံသရာခွင်း...........

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

"ဘိုးဘိုးနဲ့ ဘွားဘွားရေ...."

"မြေးငယ်ရယ် ဘာလို့ လောတကြီးပြေးဝင်လာတာလဲ
ကျောင်းကအခုမှပြန်လာတာကို

ဟုတ်သားပဲ ငါ့မြေးရယ် ချော်လဲတော့မှာပဲ
ဖြည်းဖြည်း လျှောက်လာပေါ့

ညလေ ည..........

ခွင်းလေးက ဘာဖြစ်လို့လဲ မြေးငယ်......ဟင်.........

ကျောင်းဆောင်လှေကားပေါ်ကနေပြုတ်ကျပြီး ခေါင်းကွဲသွားလို့ ဆေးရုံတင်ထားရတယ်

ဟင်..........ဘယ်လိုဖြစ်ရတာလဲမြေးရယ်

လှေကားပေါ်ကနေ ခြေချော်ကျတာလား.......

သေချာမသိရသေးဘူးဘိုးဘိုး....ညက သွေးထွက်များလို့ ဆရာ၊ဆရာမတွေ ကျောင်းက ကားနဲ့ ဆေးရုံပို့ပေးတာပဲ သိရသေးတယ်

ဘယ်ဆေးရုံမှာ တင်ထားတာလဲမြေးငယ်သိခဲ့ရလား

ပြည်သူ့ဆေးရုံကြီးမှာ တင်ထားရတယ်တဲ့ဘိုးဘိုး
အဲ့တာ သားလိုက်သွားချင်တယ်.....ဘိုးဘိုးသားကိုလိုက်ပို့ပေးပါလား....

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now