Part-64

55 3 0
                                    

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား
Part-64

"သားငယ် ဧည့်ခန်းမှာလည်းရှုပ်ပွနေတာပဲ...

မေမေရောက်နေတာလား....ဘာကိစ္စလဲ မေမေ

သားကိုလာကြည့်တာ....ဝသုန်ကပြောတယ်လေ..အန်တီခက်သားအဖြစ်ကိုလာကြည့်ပါဦးတဲ့...ကုမ္ပဏီမှာ စာရင်းတွေမှားလို့မှား...စိတ်နဲ့လူနဲ့မကပ်...ဖြစ်နေတယ်ဆိုလို့

ဒီကောင်တော့ တွေ့ရင်နာပြီပဲ

မေမေ သားအကြိုက်ဟင်းတွေချက်လာတယ်....ဒီနေ့သားအလုပ်နားရက်ဆိုတော့ မေမေညနေမှပြန်မယ်
သားအိမ်ကရှုပ်ပွနေတာပဲ..ဒီနေ့မေမေနဲ့အတူအိမ်ရှင်းရမယ်

သားဘာမှလုပ်ချင်စိတ်မရှိဘူး

ဘယ်လိုဖြစ်နေတာလဲနေဂုဏ်ရှိန်လင်း....မင်းနှယ်....လွမ်းနာကျပြီးအဘိုးကြီးရုပ်ပေါက်သွားဦးမယ်သားငယ်ရယ်
ဒီတစ်ပတ်ထဲ သမီးက ပြန်လာမှာမဟုတ်ဘူးလား

ဟုတ်တယ် မေမေ

အေးလေ ပြန်လာမယ့်ရက်လည်းနီးနေပြီကို တက်တက်ကြွကြွနေမှပေါ့

သားနေချင်ပါတယ်....ဒါပေမယ့် လူက စိတ်သွားတိုင်ကိုယ်မပါဘူးဖြစ်နေတယ်ဗျ

ငါ့နှယ်...မွေးရကျိုးနပ်တဲ့သားပဲ....မိဘတွေနဲ့၇နှစ်နီးပါးခွဲရတာတောင် ဘာမှမဖြစ်တာ...ချစ်သူနဲ့ခွဲရတော့ လဒမှိုင်မှိုင်နေတယ်

မတူဘူးလေဗျာ...မေမေကလည်း

ဟုတ်ပါတယ် ပြောမိတဲ့ကျွန်မကပဲမှားတာပါ
အခုတော့ ကိုယ်တော်ချောက ထိုင်ရာကထပြီး ရေချိုးတော်မူပါ....ပြီးရင် နေ့လည်စာသုံးဆောင်တော်မူပါ
ဒီအမေကပြင်ဆင်ထားလိုက်မယ်...ဟုတ်ပြီလား

အမိန့်တော်အတိုင်းပါ မယ်တော်ဘုရား
ဒါနဲ့ အိမ်မှာ ဖခမည်းတော်ကြီးကို ဘယ်လိုထားခဲ့လဲဘုရာ့း

သားအဖေကိုပူမနေနဲ့...သူ့ဘာသာနေတတ်တယ်

Daddy Father ဖေဖေဘဝသနားစရာလေးပါလား

ဒီကောင်လေးကတော့.....

ဟားဟား "

မှိုင်တွေနေရာက နည်းနည်းပဲ ဖြစ်ဖြစ် သားငယ်စိတ်ပျော်သွားတော့ သူမဝမ်းသာရပါသည်

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now