Part-24

41 1 0
                                    

"ည ငါလာခေါ်မယ်
စောင့်နေနော်
၂နာရီခွဲလောက် လာခဲ့မယ်

အင်း ရတယ် ဂုဏ်

ဒါဆို ဘိုင့်ဘိုင် ည

အင်း ဘိုင့်ဘိုင် "

ဂုဏ်က သူ့လမ်းရောက်ပြီမို့ ခွင်းတို့လမ်းဘက်ကိုကွေ့ကာ နင်းလာခဲ့တယ်။

"ဘွားရေ......

ဟေ...လာပြီ

သြော် သားနေပဲ
ခြံထဲဝင်လေသား

မဝင်တော့ဘူး ဘွား
သား ညကိုလာခေါ်တာ
ခဏနေ သားတို့အုပ်စု မုန့်သွားစားမလို့

အေး ခွင်းပြောတယ်
ဂရုစိုက်သွားကြနော်ကလေးတို့
တစ်ခုခုဆိုရင် ဘွားကိုဖုန်းဆက်လိုက်

ဟုတ်ကဲ့ ဘွား...

ဆောရီး ဂုဏ်ငါအိတ်ယူနေလို့

အင်းရတယ် ည

ဒါဆို သွားပြီနော် ဘွား

အေးအေး....."

**********************************************

"ဂုဏ် ........
ဟိုဟာတွေကိုမတွေ့ပါလား
မရောက်သေးဘူး ထင်တယ်

အင်း ငါတို့က ၁၅မိနစ် စောရောက်နေတာပဲ

ဒါဆို ငါတို့အအေးသောက်ရင်းစောင့်ကြရအောင်

အင်းဒါဆို Bubble Teaဆိုင်ရှေ့မှာခဏစောင့်နော်ည
ငါစက်ဘီးသွားအပ်လိုက်လိုက်ဦးမယ်

အင်းအင်းဂုဏ်.."

"လာ ည သွားမယ်

အင်း..... "

ဟဲ့ ဟိုရှေ့က အတွဲလေးကိုတွေ့လား
လိုက်ဖက်လိုက်တာ
နှစ်ယောက်စလုံး ဖြူဖြူသန့်သန့်လေးတွေ
တက္ကသိုလ်ကျောင်းသားကျောင်းသူလေးတွေပဲရှိသေးတယ်ထင်တယ်........

ဟုတ်လောက်မယ် ဂါဝန်အပြာနုရောင်လေးဝတ်ထားတာ ချစ်စရာလေးဟယ်

ဟီးဟီး ဟုတ်တယ်
ငါတို့များ အဲ့လိုဖြူဖြူသန့်သန့်ကောင်လေးမရဘူးဟယ် တွေ့လိုက်ရင် အညိုဆင် အမဲဆင်တွေချည်းပဲ

ဟုတ်ပါ့ ဟားဟား

"ခွင်းတို့နောက်က အစ်မနှစ်ယောက်က သူတို့ရှေ့ကခွင်းတို့ကိုကြည့်ပြီး တိုးတိုးနဲ့ပြောနေတာကို အသေအချာကြားနေရတယ်....."

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now