Part-41

46 2 0
                                    

~~~~~

~တီ တီ တီ တီ တီ တီ

ဟာ ဘယ်ဖုန်းကလာနေတာလဲ

ကြည့်လိုက်တော့ သွင်ထက်တို့ဆက်နေတာပဲ
"ပြော ဘာကိစ္စလဲ

ဟ ရင့်လှချည်လားနေလင်း

ဘာလဲကွာ ငါသိပ်စိတ်ကြည်နေတာမဟုတ်ဘူး

မင်းတို့လမ်းခွဲလိုက်ပြီဆို

ဟုတ်တယ်

ဘာဖြစ်လို့လဲ

ငါ့အနားမှာ နေရတာ မလွတ်လပ်ဘူး ငါ့ကိုမချစ်ဘူးလို့ပြောတယ် အဲ့တာကြောင့် ငါ့အနားမရှိချင်တဲ့သူကိုလွှတ်ပေးလိုက်တာ

ဘာ ခွင်းကမင်းကိုအဲ့လိုပြောခဲ့တာလား

ဟုတ်တယ် မနေ့ကအထိ ငါတို့အဆင်ပြေနေသေးတာ
ပြဿနာလည်းမရှိဘူး ရန်လည်းမဖြစ်ဘူး
အခုချိန်ထိ ငါတို့တွဲခဲ့တဲ့သုံးနှစ်တာကာလအတွင်းမှာ ရန်ဖြစ်တယ်ဆိုတာလုံးဝမရှိခဲ့တာပါ
ညဆိုတဲ့မိန်းကလေးက ငါ့အပေါ်မှာ စစ်မှန်တဲ့ မေတ္တာကိုပဲပေးခဲ့တယ်ဆိုတာ ငါ့နှလုံးသားက သက်သေရှိပါတယ်ကွာ အခုငါ့ကိုလမ်းခွဲပေးဖို့ပြောတဲ့စကားထဲမှာ မချစ်ဘူး သဘောပဲကျခဲ့တာလို့ပြောတယ်
ညလိမ်နေမှန်းငါသိတာပေါ့

ငါတို့လည်း မပြောတတ်တော့ဘူး ဒါပေမယ့် ခွင်း မင်းနဲ့စကားပြောပြီးပြန်လာတဲ့အချိန်မှာ ငိုတာဆိုတာလေ မျက်ရည်ကျန်သေးရဲ့လားလို့တောင်တွေးမိတဲ့အထိပဲ
သူ့နှလုံးသားက နာကျင်ရလွန်းလို့ ခံနိုင်ရည်မရှိတော့ဘူးလို့ပြောတယ်

ငါလည်း နာကျင်ရပါတယ်ကွာ ငါညကိုသိပ်ချစ်တာကွ အခုရုတ်တရက်ညက လမ်းခွဲစကားပြောတာကို ငါဘယ်လိုမှစဥ်းစားမရဘူး

အကြောင်းရှိပါလိမ့်မယ် ခွင်းမှာ ပြောပြလို့မရတဲ့အကြောင်းရင်းရှိပါလိမ့်မယ်နေလင်း ငါတို့လည်း မေးကြည့်တာ မပြောပြဘူး သူ့ကိုမမေးပါနဲ့ လို့ပြောတယ်

ပြောပြစရာမရှိလို့နေမှာပေါ့ကွာ

မင်းဘက်က နားလည်ပေးပြီး အချိန်စောင့်လိုက်ပါကွာ

နောက်ကျသွားပြီ ခန့်ညား ငါစေ့စပ်ပွဲကိုလက်ခံလိုက်ပြီ

ဘာ မင်း အခု ဘာပြောလိုက်တာလဲ

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now