Extra Part-6

24 0 0
                                    

" နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား"
Extra Part-6✨🖤⚜️

Grand Hantha Hospital 🏥

" လူနာရှင် အပြင်ကနေပဲ စောင့်နေပေးပါ အထဲဝင်လို့မရပါဘူးရှင့်

ကျွန်တော့်ဇနီးကို အကောင်းဆုံးဂရုစိုက်ပေးပါ

စိတ်ချပါရှင်....."

Operation Room ရှေ့မှာ ဂုဏ်  "ည"အတွက် စိတ်ပူစွာစောင့်ရင်း အင်္ဂုလိမာလသုတ်အား ရွတ်ဆိုကာ "ည"  အန္တရာယ်ကင်းစွာမွေးဖွားနိုင်ပါစေဟု ဆုတောင်းနေမိသည်
မကြာခင်မှာပင် မေမေတို့လည်း သူ့အား ဖုန်းဆက်လာခဲ့သည်

" ဟဲလို မေမေ

သား သမီးအခု မွေးခန်းထဲမှာလား

ဟုတ်တယ် မေမေ

ဟုတ်ပြီ ဒါဆို မေမေတို့လာခဲ့မယ် သား

ဟုတ်ကဲ့ "

" အစ်ကိုလေး အေးကြည် မေမေကြီးတို့ကို သွားခေါ်လိုက်ရမလား

အေး ကောင်းတယ် အခု မေမေတို့က မြေညီထပ်မှာ နင်သွားခေါ်လာခဲ့လိုက်

ဟုတ်ကဲ့ အစ်ကိုလေး "

"တပည့်တော်ရဲ့ဇနီး ရင်သွေးလေးကို အသက်အန္တရာယ်ကင်းစွာဖြင့် မွေးဖွားနိုင်ပါစေသားအရှင်ဘုရား🙏 "

ခဏအကြာ အေးကြည်နှင့်အတူ ‌ဖေဖေနှင့်မေမေ ပါလာခဲ့သည်

" သားငယ် သမီးအခြေအနေရော

မသိရသေးဘူး ဖေဖေ တံခါးပွင့်မလာသေးဘူး

သမီး အဆင်ပြေစွာ မွေးဖွားနိုင်မှာပါ သား အရမ်းမစိုးရိမ်ပါနဲ့ သားဦးကိုယ်ဝန်မဟုတ်တော့ သမီး မွေးရလွယ်မှာပါ

မြေးလေးတွေကိုလည်း ဖုန်းဆက်ပြီးပြီလား သားငယ်

ဟာ ဟုတ်တယ် မေမေ သား မဆက်ရသေးဘူး "ည"ကို စိုးရိမ်နေတာနဲ့ မေ့နေတာ

ဆက်လိုက်ဦး ဆက်လိုက်ဦး

ဟုတ်ကဲ့...."

" ဟဲလို သားနေ
ဖေဖေ့ မေမေရောဟင် အငယ်လေးကိုမွေးပြီးပြီလားဟင်

မေမေက အခု မွေးခန်းထဲမှာပဲရှိသေးတယ် ဖေဖေတို့ မေမေနဲ့အငယ်လေးကို မတွေ့ရသေးဘူး

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now