Part-34 ဒုတိယပိုင်း

46 1 0
                                    

"ကိုနေ့.............."

မေသက်လွင် သူက ဘာလို့ ဒီအိမ်ကိုရောက်နေတာလဲ.......
ဂုဏ် အိမ်ပြန်ရောက်ချင်း အိမ်ထဲကနေ မေသက်လွင်ထွက်လာကာ သူ့ဆီပြေးလာတယ်.......

"သက်ကလေ ကိုနေ့ကိုအရမ်းလွမ်းနေတာ.....ဟိုမှာကျောင်းတက်ရတာအဆင်ပြေပေမယ့် ကိုနေ့ကိုသတိရနေတာ.....ကိုနေရော ဒီမှာ ကျောင်းတက်ရတာအဆင်ပြေရဲ့လား....ဒီကပညာရေးကကိုနေ့အတွက် အဆင့်မီရဲ့လား......

မင်းစကားကိုရပ်လိုက်တာကောင်းမယ်....မင်းမွေးကတည်းကနေလာတာ ဒီနိုင်ငံမှာ.... မင်းပညာစသင်ခဲ့တာလည်း ဒီနိုင်ငံမှာ..... မင်းမိဘတွေ ကြီးပွားတိုးတက်နေတာလည်းဒီနိုင်ငံမှာ......မင်းသုံးဖြုန်းနေတဲ့ပိုက်ဆံကိုရနေတာလည်း ဒီနိုင်ငံကနေရနေတာ.....အဲ့တာကိုမင်းမမေ့နဲ့
မင်းမိဘတွေ ငွေကြေးတတ်နိုင်လို့ တခြားနိုင်ငံမှာကျောင်းတက်ပြီးပညာသင်ယူနိုင်တာကို အဟုတ်ကြီးမှတ်မနေနဲ့.....ဒီနိုင်ငံရဲ့ပညာရေးက အောက်ခြေလူတန်းစားတွေနဲ့ ပုံမှန်လူလတ်တန်းစားလူတွေအတွက်တော့ အဆင့်မီတဲ့ပညာရေးပဲ....ပညာဆိုတာ စာသင်ဖို့တစ်ခုတည်းကိုဆိုလိုတာမဟုတ်ဘူး.....အမှား၊အမှန်ဝေဖန်ပိုင်းခြားနိုင်စွမ်းနဲ့ စကားကို ပြောသင့်မပြောသင့်စဥ်းစားနိုင်စွမ်းလည်းပါဝင်တယ်.......

Wow!!ကိုနေက နိုင်ငံသားကောင်းပီသသားပဲ.....ဟုတ်ပါပြီရှင် သက်စကားမှားသွားတာကိုတောင်းပန်ပါတယ်နော်....သက် ဒီကိုလိုက်လာခဲ့တာ ကျောင်းပိတ်ရက်၁၀ရက်ကို ကိုနေနဲ့အတူရှိချင်လို့.....
သက်မိဘတွေလည်းပါတယ်....အပန်းဖြေခရီးထွက်လာတဲ့သဘောအနေနဲ့ ကိုနေတို့ဆီလိုက်လာခဲ့တာ...."

တောက်ခ် မေမေ ဒီကိုလာတာ စိတ်ရှုပ်စရာတွေ သယ်လာတာပဲ အကြံရှိလို့မေမေ သူ့ဆီလာတာ.....

"မြေးငယ်ပြန်ရောက်ပြီပဲ.....

ဟုတ် ဘွား....သားသွားနားတော့မယ်

အေးအေး ညနေထမင်းစားခါနီးမှဘွားလာခေါ်မယ်

ဟုတ်ကဲ့ ဘွား "

"သားငယ် မေမေတို့နဲ့ခဏစကားပြောပါဦးလား
ဒီမှာ အန်တီတို့လည်းပါလာတာဆိုတော့

သားပင်ပန်းလာလို့နားချင်ပြီ ခွင့်ပြုပါဦး"

ဒေါ်ခက်ဂုဏ်လင်း လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိတယ် သားငယ် သူမကိုအရှက်ခွဲနေတာ
လွှမ်းတို့ပါလာတာကိုလာမနှုတ်ဆက်ပဲ အပေါ်ထပ်တန်းတက်သွားတာ သမီးမေသက်လွင်ကလည်း မျက်နှာသိပ်မကောင်းဘူး သူမ သားငယ်နဲ့ စကားပြောဦးမှပါပဲ

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now