Part-54

46 1 0
                                    

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား
Part-54

~~~~~~~

ဂုဏ့်ကိုတွေ့လိုက်တာမို့ ကားထဲကပြန်ထွက်မည်အလုပ်မှာ ကားတံခါးကဖွင့်မရတော့ဘဲ ကားဝင်းထဲကနေ မောင်းထွက်လာခဲ့သည်

"သူတို့နှစ်ယောက် အဆင်ပြေပါ့မလား

ပြေမှာပါ မပြေလည်း ခွင်းကကားထဲကနေထွက်လို့မှမရတာ
ကားတံခါးlockချထားတယ်လေ

အင်း ဒီတစ်ခေါက်ခရီးမှာ ခွင်းနဲ့နေလင်း အရင်ကထက် အဆင်ပြေလာပါစေလို့ဆုတောင်းပါတယ်

ကဲ ငါတို့လည်းပြန်ကြရအောင်

အေးပြန်မယ်လေကွာ....."

>>>>>>>>>>><<<<<<<<>>>>>><<<<<<>>>>>

"ရှင်ကဘာလို့ဒီကားထဲရောက်နေရတာလဲ

ဒါကိုယ့်ကားလေ မောင့်သက်လျာ
မင်းရိပ်မိမှာစိုးလို့ကားလဲလာတာ

ရှင်နဲ့ဘာဆိုင်လို့ နှင်းခက်နဲ့လဲပြီးလိုက်လာတာလဲ

ကိုယ်ကခန့်ညားအကူအညီတောင်းလို့ပါ

ခန့်ညားက

ဟုတ်တယ်
သူကနှင်းခက်နဲ့မခွဲနိုင်လို့ ကိုယ့်ကိုမင်းနဲ့အတူလိုက်သွားပေးဖို့အကူအညီတောင်းထားတာ
ကိုယ်ကလည်း မင်းကိုစိတ်မချတာမို့လက်ခံခဲ့တာ
ခရီးဝေးကိုမိန်းကလေးတွေချည်းပဲသွားမှာကအန္တရာယ်များတယ်
ကိုယ်ပါတော့မင်းအတွက်ပိုအန္တရာယ်ကင်းတယ်

မဟုတ်ဘူး ရှင်ကမှတစ်ကယ့်အန္တရာယ်

ဟားဟား ညကလည်း ကိုယ်မင်းကိုဘာမှမလုပ်ပါဘူးကွာ

အခုချက်ချင်းပြန်မယ် ကားရပ်ပေး

မရပါဘူး ကိုယ်တို့ ဟိုင်းဝေးလမ်းပေါ်ရောက်နေပြီ
ပြန်လှည့်မရတော့ဘူး

ဘာလို့မရရမှာလဲ

ကိုယ်ကမရဘူး

ရှင်သက်သက်အကျင့်ယုတ်တာ

အခုမှသိတာလား မောင့်သက်လျာ

ရှင်......""

ခွင်းမှာကြိတ်မနိုင်ခဲမရဖြစ်နေရပြီး ဂုဏ့်ကိုတစစီလုပ်ပစ်ချင်နေတာ
ဉာဏ်များချက်က.....

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now