Part-33

45 1 0
                                    

"  ၂၈.၁၁.၂၀၁၆.....ပြက္ခဒိန်မှာ မင်နဲ့ဝိုင်းပြီးမှတ်ထားသောရက်စွဲလေး......."

"ထိုရက်လေးဟာ ညတို့ချစ်သူသက်တမ်းနှစ်လပြည့်တဲ့နေ့လေး........... ညဂုဏ့်ကိုအဖြေပြန်ပေးခဲ့တာ ၂၈.၉.၂၀၁၆မှာပေးခဲ့တာ.......ဒီနှစ်လအတွင်းမှာ ဂုဏ်ဟာ  ညအပေါ်မှာ တစ်ကယ်ကိုဂရုစိုက်မှုပေးခဲ့သလို ယုယကြင်နာမှုတွေလည်းပေးခဲ့တယ်......သူချစ်တာကို သူ့အပြုအမူတစ်ခုချင်းစီတိုင်းကနေ မြင်ရတယ်.... ဂုဏ့်ကိုညပိုပိုပြီးချစ်လာရပါတယ်....."

"ဂုဏ်က ညထက်နှစ်လငယ်တယ်...."မောင်"လို့ခေါ်ချင်ပေမယ့် မခေါ်ရဲဘူး စိတ်ထဲမှာပဲ "မောင်"လို့အကြိမ်ကြိမ်ခေါ်နေမိတယ်.......သူ့ကိုသာ "မောင်"လို့ခေါ်ဖို့စိတ်ကူးထားမှန်းသာသိရင် ဂုဏ်သိပ်ပျော်မှာ......ညစိတ်အဆင်သင့်ဖြစ်တဲ့နေ့ "မောင်"လို့ခေါ်မယ်နော်ဂုဏ်......"

"သူ့မွေးနေ့တုန်းက မွေးနေ့လက်ဆောင်ဘာလိုချင်လဲမေးတော့ "ည ကိုယ့်ကို မောင်လို့ ခေါ်တာကြားချင်တယ်"တဲ့.....ဂုဏ်ကလေ သူချစ်ရတဲ့သူတွေအပေါ်ဆို ကလေးဆိုးလေးတစ်ယောက်လို ချွဲ့နွဲ့တတ်တယ်...ညအပေါ်မှာဆိုပိုဆိုးတယ်....အရင်ကတည်တည်တန့်တန့်နေတဲ့ဂုဏ်မှဟုတ်ပါရဲ့လားအောက်မေ့ရတယ်
ဒါပေမယ့် ညချစ်ရတဲ့သူမို့ ဂုဏ်ဘယ်လိုပုံစံပဲဖြစ်ဖြစ် ချစ်ရပါတယ် "

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

အခုဆို ဂုဏ်က လူရည်ချွန်စာမေးပွဲနီးကပ်လာပြီမို့ ညတို့ဖုန်းပြောဖို့တောင်အချိန်သိပ်မရှိတော့ဘူး.....၁၂လပိုင်းဖြေရမယ့်စာမေးပွဲအတွက်ရော လူရည်ချွန် စာမေးပွဲအတွက်ပါ စာကျက်နေရတာမို့ ဂုဏ်အရမ်းပင်ပန်းနေမှာ.......

တီ တီ တီ.....
ဟင် ဖုန်းလာနေတာပဲ ဘယ်သူဆက်တာလဲ
သြော် ဂုဏ်ပဲ....အခုလေးတင် ဂုဏ့်အကြောင်း တွေးနေတာ.....အသက်ရှည်ဦးမယ်.......

"ဟဲလို ကိုယ့်ချစ်သူလေးရေ...စာကျက်နေတာလား

ဟင့်အင်း ဂုဏ့်အကြောင်း တွေးနေတာ

ဟုတ်လား ဘာအကြောင်းလဲည

ဂုဏ့်ကိုသတိရကြောင်းတွေပေါ့

ဟား....ကိုယ်အခုချက်ချင်း ညအိမ်ပြေးလာချင်အောင် စကားတွေနဲ့မစနဲ့နော်ည....ကိုယ်မင်းကိုသိပ်သတိရနေတာ....စာတွေကတအားကြည့်နေရတော့ ကိုယ့်ချစ်သူအနားလာချိန်တောင်မရတော့ဘူးကွာ....

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now