Part-51

58 4 0
                                    

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား
Part-51

~~~~~~~~~~~~~
""ဆေးရုံရှေ့၌ အရှိန်ပြင်းစွာ ကားနှစ်စီးထိုးရပ်လာသည်.............
နက်ရောင်တောက်နေသော ကားထဲမှ လူတစ်ဦးဟာ သွေးများပေကြံနေသောလူတစ်ယောက်အား ပွေ့ချီပြီး လျင်မြန်စွာ ဆေးရုံထဲသို့ခေါ်ဆောင်သွားလေသည်

""ခွင်း အရမ်းကြီးစိတ်မပူပါနဲ့
ငါတို့ အချိန်မီဆေးရုံပို့ပေးနိုင်ခဲ့တာပဲလေ

ကိုသွင်ထက် Bossအခြေအနေကအရမ်းစိုးရိမ်ရတဲ့အခြေအနေတော့မဟုတ်ပါဘူးနော်

ဒဏ်ရာကသိပ်မပြင်းပါဘူး......ဒါပေမယ့်ခေါင်းကိုထိသွားတာမို့ စောင့်ကြည့်ရမယ့်အခြေအနေမှာရှိတယ်""

ခွင်း၊သွင်ထက်နဲ့ဝသုန်တို့က Operationခန်းရှေ့မှာ စောင့်နေကြတယ်

""ငါနင်တို့ကိုဖုန်းလှမ်းမဆက်ခဲ့သင့်ဘူး

ဘယ်လိုပြောလိုက်တာလဲ ခွင်း
ငါတို့သာနင့်ဆီမလာခဲ့ရင် ခုနကလူဆိုးလူရမ်းကားတွေနဲ့နင်ဘယ်လိုလုပ်မှာလဲ ဟမ်
ကားတံခါးကိုသာဖွင့်နိုင်ခဲ့ရင် နင်ဒုက္ခရောက်ပြီ နင်ကားပျက်တဲ့အချိန်က လူပြတ်တဲ့အချိန် အဲ့အချိန်ဘယ်ကားမှ မသွားဘူး ညနေစောင်းမှကားသွားလာများတာ
နေလင်းထိခိုက်မိလို့ဒီစကားပြောတာဆိုရင်တော်လိုက်တော့ခွင်း
နင့်အပြစ်ကြောင့်မဟုတ်ဘူး ဒီကောင်က နင်နဲ့ပက်သက်ရင် ထိန်းမရသိမ်းမရဖြစ်နေတဲ့ကောင် သူအခုလိုခေါင်းကွဲသွားလို့နင့်ကိုအပြစ်တင်မှာလည်းမဟုတ်ဘူး""

အစ်မက သူ့ကိုယ်သူ အပြစ်တင်စိတ်နဲ့ မျက်ရည်တသွင်သွင်စီးကျနေတာကို ဝသုန်တွေ့နေရသည်
ဒီတစ်ခေါက်အခွင့်အရေးမှာ Boss အစ်မနဲ့ပြန်အဆင်ပြေသွားရင်ကောင်းမှာပဲ
အစ်မကBossကို သူစိမ်းပြင်ပြင်ဆက်ဆံပေမယ့် အခုလိုBossထိခိုက်တာကိုမြင်တော့ Bossကိုစိတ်ပူနေတာ

နာရီဝက်အကြာ
""ဒေါက်တာ ကျွန်တော့်သူငယ်ချင်းအခြေအနေဘယ်လိုလဲခင်ဗျ

မစိုးရိမ်ရတော့ပါဘူး ခေါင်းက၅ချက်ချုပ်လိုက်ရတယ် သွေးထွက်များလို့ သွေးသွင်းပေးထားတယ်
အခုလူနာကို အခန်းရွှေ့ပေးနေပြီမို့ ခဏနေရင် ဝက်ကြည့်လို့ရပါပြီ

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now