Part-49

50 1 0
                                    

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား
Part-49

~~~~~~~~~~~~~

""ခွင်း နင်အဆင်ပြေရဲ့လား "

ဖြစ်ပျက်သွားခဲ့တဲ့ကိစ္စတွေကို ခွင်းက သူမတို့အားပြောပြခဲ့တာမို့ ခွင်းရဲ့ဘေးနားမှာရှိနေပြီး အားပေးနှစ်သိမ့်ပေးခဲ့တာ
""ငါ မောင့်ကိုစွန့်လွှတ်လိုက်ပြီလို့ ကိုယ့်ကိုယ်ကိုသတ်မှတ်ထားလိုက်ပေမယ့် ဒီနှလုံးသားက မောင့်ကိုလွမ်းနေတယ် မောင်ကငါမျက်ရည်ကျရင် မကြိုက်ဘူး သူနာကျင်ရတယ်လို့ပြောထားဖူးတယ်
ငါလည်းမောင့်လိုပဲ မောင့်မျက်ရည်ကိုငါမြင်ရရင် မောင့်လိုပဲနာကျင်ရတယ်
ငါအခုထိစိတ်ကမပြတ်သားနိုင်ဘူးဖြစ်နေတယ် ငါဘယ်လိုလုပ်ရမလဲဟင် ငါ့အဘွားအတွက် သူ့ကိုမေ့လိုက်သင့်ပြီဆိုတာကိုငါသေချာသိနေပေမယ့် သူနဲ့ပက်သက်တဲ့အမှတ်တရတွေကို ဖျောက်ဖျက်ပစ်မရဘူးဖြစ်နေတယ်

အချိန်ကကုစားပေးသွားမှာပါခွင်းရယ်
အခုချိန်မှာတော့နင်မေ့ပျောက်ဖို့ကြိုးစားတာအရာမထင်ဘူးဆိုပေမယ့် အချိန်တန်ရင်မေ့သွားမှာပါ
နင်မမေ့နိုင်သေးဘူးဆိုတာကလည်း နေလင်းကို နင်သိပ်ချစ်ခဲ့လို့ပါ
မငိုပါနဲ့တော့ ခွင်းရယ်
နော် တိတ်တော့ ခေါင်းတွေကိုက်လာလိမ့်မယ်
ငါတို့နင်ကြိုက်တတ်တဲ့မုန့်တွေဝယ်လာတယ်
စားရအောင်လေနော် သူငယ်ချင်းလေး......""

~~~~~~~~~~~~~~~~~~~~~~~~~~

""ဟဲလို သွင်ထက်

မင်းအခုရန်ကုန်ပြန်ရောက်နေတာလား

အေးဟုတ်တယ် ကိစ္စရှိလို့ ငါအမြန်ပြန်သွားခဲ့တာ
ဘာဖြစ်လို့လဲ သွင်ထက်

ငါတို့ခွင်းဆီကနေအားလုံးကြားပြီးသွားပြီ
မင်းအမေက အသည်းနှလုံးမရှိတဲ့သူပဲ

အေး မင်းတို့ပြောလည်းခံရမှာပဲ
ငါလည်းကြားကြားချင်းမယုံကြည်နိုင်ခဲ့ဘူး

ဒါပေမယ့် မင်းအမေဆိုတာသေချာနေတယ်လေ

ဟုတ်တယ် အဲ့ကိစ္စကိုသိသိချင်းငါရန်ကုန်ပြန်လာပြီး မေမေနဲ့စာရင်းရှင်းခဲ့တာ
အခုအားလုံးပြီးသွားပြီ ငါ့ဘဝလည်း အဓိပ္ပါယ် လုံးဝ မဲ့သွားပြီ

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now