Extra Part-2

31 0 0
                                    

" နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား"
Extra Part-2 ✨🖤⚜️

" သမု  ဒီနေ့ သွင်ထက်ထမင်းချိုင့်ပါမလာမှန်းသိလို့ သူ့အတွက် ထမင်းဗူးလေးပေးမလို့ အရိုးအကြောဌာနဖက်ကို ထွက်လာခဲ့ပေမယ့် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ထိုနေရာမှ လှည့်ထွက်လာခဲ့သည်

သွင်ထက်ကတော့ သူမကိုမမြင်ပေ

ဘယ်မြင်မလဲ ရင်ခွင်ထဲရောက်နေသည့် မိန်းမနဲ့နမ်းနေတာကို နင် ငါ့ခံစားချက်တွေကို အရူးလုပ်တယ်
သွင်ထက်ယံ ငါ့ကိုဂရုစိုက်ပေးသလိုနဲ့ ငါနင့်ကိုချစ်လာအောင် နင်လှည့်စားတယ်

" တောင်းပန်ပါတယ် ဒေါက်တာ ကျွန်မ ခြေခေါက်သွားလို့ ဒေါက်တာ့ပေါ်လဲကျမိသွားတယ်

ရပါတယ် မသီတာ နောက်ကိုဂရုစိုက်ပါ

ဟုတ်ကဲ့

အခု ကိုမင်းသီဟမရှိဘူး ခွဲစိတ်ခန်းဝင်နေတယ်ဗျ ခဏလောက်တော့ မသီတာစောင့်နေရလိမ့်မယ်

ဟုတ်ကဲ့  နေ့လည်စာစားချိန်ဆိုတော့ အစ်ကို့အတွက်ပါထည့်ရင်း ဒေါက်တာ့အတွက်ပါထည့်လာခဲ့တာ သုံးဆောင်ပါဦးရှင့်

ရတယ် မသီတာ ကျွန်တော်ဗိုက်မဆာသေးဘူး လူနာကြည့်စရာရှိသေးတာမို့ ခွင့်ပြုပါဦး

ဒေါက်တာ ဒေါက်တာ့ "

နားနေခန်းထဲမှာ ကိုမင်းသီဟ ညီမဖြစ်သူ မသီတာနဲ့ နှစ်ယောက်ထဲရှိနေဖို့ မသင့်တော်တာမို့ အမြန်ဆုံးထွက်လာခဲ့သည်
သို့သော်လည်း ချစ်ဦးသူရဲ့ အထင်မြင်လွဲမှားမှုကို ခံလိုက်ရပြီဆိုတာကို သွင်ထက်တစ်ယောက် မသိရှာပေ

•••••• •••••• ••••• •••••• •••••• •••••• •••••• ••••• •••••
" သမု..."

ဆေးရုံအုပ်အခန်းထဲကနေ ထွက်လာသည့် သမုအား လှမ်းတွေ့လိုက်တာမို့ လှမ်းခေါ်လိုက်ပေမယ့် သမုက သူ့ကို တည်တင်းသောမျက်နှာထားဖြင့် တစ်ချက်သာကြည့်ကာ သူမသွားနေသည့်လမ်းအား ဆက်သွားလေသည်

" သမု ဘာအဆင်မပြေတာရှိလို့လဲ နင်မျက်နှာမကောင်းဘူး

ဘာမှမဖြစ်ဘူး ငါအဆင်ပြေတယ် ဂရုစိုက်စရာမလိုဘူး

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now