Extra Part-3

23 0 0
                                    

" နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား"
Extra Part-3 ✨🖤⚜️

" အား...ကျွတ်....ကျွတ်....ကျွတ်...."

ခွင်း အပေါ့သွားချင်၍ လှဲနေရာမှထဖို့ကြိုးစားပေမယ့် ဘေးက အကူအညီမပါဘဲ ထမရဖြစ်နေသည်
မောင့်ကို အားနာတာမို့ ကိုယ့်ဘာသာထဖို့ ကြိုးစားပေမယ့်မရ....

ဂုဏ် 'ည'ကိုယ်ဝန်ဆောင်သည့်အချိန်မှစ၍ အအိပ်စက်သည့်အကျင့်ဖြစ်သွားတာမို့ ချက်ချင်းနိုးလာခဲ့သည်

" ည....ဘာဖြစ်လို့လဲ ဗိုက်နာလာလို့လား

မဟုတ်ဘူး မောင် 'ည' အပေါ့သွားချင်လို့...

ကိုယ့်ကိုနိုးမှပေါ့ဗျာ

မောင့်ကိုအားနာလို့ပေါ့ မောင်က တစ်နေကုန် ကုမ္ပဏီအလုပ်တွေရော 'ည'တို့သားအမိတွေအတွက်ပါ လုပ်ပေးနေရတာနဲ့ မောင်အရမ်းပင်ပန်းထားတာ

'ည'နဲ့ကိုယ့်သားသမီးတွေအတွက်ဆို ကိုယ်က ဘာပဲလုပ်ပေးရလုပ်ပေးရ လုံးဝမပင်ပန်းဘူး
အဲ့တာကြောင့် ကိုယ့်ကိုအားနာတယ်ဆိုတာမရှိရဘူးနော်
ကိုယ်က မင်းရဲ့ခင်ပွန်းလေ ဇနီးသည်ရဲ့ဝေယျာဝစ္စကိုလုပ်ပေးရမှာပဲ 'ည'

မောင့်ကို ချစ်တယ်

အဟွန်း ကိုယ်လည်း 'ည'ကိုချစ်ပါတယ်ဗျာ "

🌹🌹🌹🌹🌹🌹🌹🌹

" မောင် တံခါးဖွင့်လို့ရပြီ

ကိုယ်လာပြီ 'ည'
လာ ကိုယ့်လက်ကို သေချာတွဲနော်....အခုရော ဘယ်လိုနေလဲ အပေါ့သွားပြီးတော့ ဗိုက်အောင့်တာမျိုးရှိသေးလား

ဟင့်အင်း မရှိဘူး မောင် 'ည' နေသာပါတယ် "

'ည'ရဲ့ လက်ချောင်းသွယ်သွယ်လေးတွေက အခု ကိုယ်ဝန်ဆောင်ထားရသည်ကြောင့် ဖောင်းဖောင်းကစ်ကစ်လေးတွေဖြစ်လာသည်
ကိုယ်ဝန်ဆိပ်တက်တာကြောင့်လည်း ခြေထောက်လေးတွေ ဖောယောင်နေသည်မို့ အမြဲရေနွေးစိမ်ပေးရသည်က ဂုဏ့်ရဲ့နေ့စဉ်တာဝန်ပင်။

" မောင်..... မနက်အစောပိုင်းအစည်းအဝေးရှိတယ်မလား ပြန်အိပ်တော့လေ အိပ်ရေးမဝရင် မောင်စိတ်မကြည်ပဲနေမယ်

၅နာရီပဲထိုးနေပြီ ကိုယ်မအိပ်တော့ဘူး 'ည' ဘုရားဆွမ်းတော်ကပ်ဖို့နဲ့ 'ည'တို့သားမိတွေအတွက် မနက်စာပြင်လိုက်တော့မယ်
မောင့်အသက်လေးက ဆက်အိပ်လိုက်နော် ကိုယ် မနက်စာပြင်ပြီးလို့ အဆင်သင့်ဖြစ်ရင် လာနိုးမယ်

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now