Part-18

47 1 0
                                    

"ဟီးဟီး ဒီနေ့ ဘွားနဲ့အပြင်သွားတာ ဂုဏ်နဲ့လည်းတွေ့ခဲ့ရတယ်........နက်ပြာရောင်ရှပ်လက်ရှည်ရယ် ပုဆိုးရယ်နဲ့ အသားဖြူတဲ့ဂုဏ်ဟာ သိပ်ကိုလိုက်ဖက်နေတာပါပဲ....... ခွင်းသတိထားမိသေးတယ်.....ဂုဏ့်ကိုတစ်ခြားဝိုင်းကမိန်းကလေးတွေ လိုက်ငေးနေတာ........
ဂုဏ်က နဝမတန်းကျောင်းသားပဲရှိသေးတာဆိုပေမယ့် လူကောင်ထွားတဲ့ဂုဏ်ဟာ တက္ကသိုလ်ကျောင်းသားလို့ထင်ချင်စရာပါပဲ... ...."

"အင်း......ငါဒီနေ့ ဝယ်လာတာ ကျောင်းသုံးဗလာစာအုပ်ရယ် ဘောပင်ဘူးရယ် ထောက်ချွန်ဘူးရယ် ဒါတွေပဲ .....တစ်ခြားလိုအပ်တာတော့မရှိပါဘူး.....အရင်နှစ်က သုံးပြီးသားစာရေးကိရိယာတွေလည်းရှိသေးတယ်ဆိုတော့ အဆင်ပြေတယ်............အခုတည်းက ထည့်ထားမှ......နောက်မို့ အနားနီးမှ ထည့်ရင် ဟိုဟာကျန်ဒါကျန်နဲ့ အဆင်မပြေဘူး.............. ကျောင်းဖွင့်ဖို့က ရက်ပိုင်းပဲ လိုတော့တာ "
တီ တီ တီ..........
"ဟဲလို အမိန့်ရှိပါ

ခွင်း ငါပါဟ သမု သမု

သြော်အစ်မပြော......
ငါစာအုပ်တွေထည့်နေတာနဲ့ဖုန်းContact Nameကိုမကြည့်မိလိုက်ဘူး

ရတယ်ရတယ် ငါပြောစရာရှိလို့ဖုန်းဆက်လိုက်တာ

အင်းပြောလေသမု

နှင်းခက်မလေ......အခုတလောမူပျက်နေတယ်သိလား

ဟမ်.......နှင်းခက်ကလေ ပြောစမ်းပါဦး
ဘယ်လိုမူပျက်တာလဲ

ဒီလိုဟ......ငါတို့ကျူရှင်ပုံမှန်ပြန်ရင် နင်နဲ့နေလင်းကသက်သက် ငါတို့၄ယောက်ကသက်သက်ပြန်နေကြလေ

အေးလေ လမ်းတူတဲ့လူတွေစုပြီးပြန်နေကြပဲကို
ဘာဖြစ်လို့လဲသမု

နင်တို့ကကျူရှင်ဆင်းတာနဲ့ စက်ဘီးနဲ့တန်းပြန်နေကြဆိုတော့ သတိမထားမိလိုက်ဘူး
အခုကျူရှင်ပြန်ရင် ငါရယ်သွင်ထက်ရယ်ကို သက်သက်ပြန်ခိုင်းတာ သူနဲ့ခန့်ညားနဲ့က သက်သက်ပြန်တာဟေ့

အဲ့လို...........

အေးအဲ့လို........အဲ့တာ ငါကသိပ်မသက်ာလို့ သူတို့နောက်လိုက်ချောင်းမယ်လုပ်တော့မှ သွင်ထက်က ငါ့ကို ပြောပြတာ

ခန့်ညားက နှင်းခက်ကို စိတ်ဝင်စားနေတာတဲ့

အယ်.....
မထင်ထားဘူး ကြည့်စမ်း

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now