Part-31

43 1 0
                                    

"ညပြုံးလိုက်မိသည်.......ဂုဏ်က ချက်ချင်းအဖြေပြန်ပေးချင်စိတ်ဖြစ်အောင် အပြောကောင်းတာပဲ.......
ဒါပေမယ့် မိန်းကလေးတို့ရှေးမူမပျက် မူလိုက်ပါဦးမယ်......ဂုဏ်ရေ......ငါ့ကိုချစ်ရင် စိတ်ရှည်သည်းခံ စောင့်ပေါ့နော်........"

"အဟမ်း အခုချက်ချင်းတော့ငါအဖြေပြန်မပေးသေးဘူးနော်ဂုဏ်..... နင်စောင့်နိုင်လား......."

"စောင့်နိုင်တာပေါ့....ညနဲ့ပက်သက်ရင် ငါ့ဘက်က အရာအားလုံးကို အရှုံးပေးထားပြီးသား......ညသဘောအတိုင်းပါပဲခင်ဗျာ........"

"အဟင်း.....သိပ်အပြောတက်တယ်နော်ဂုဏ်......."

"ချစ်ရသူအတွက်ပဲ စကားတက်တာပါဗျာ...."

"အဟင်း....."

"ညရဲ့မျက်နှာလေးက ပါးပြင်နှစ်ဖက်မှာ ပန်းရောင်သန်းနေတယ်.....သူဖွင့်ပြောလိုက်တာကြောင့်ထင်တယ်....ရှက်ရိပ်သန်းနေတာက ညရဲ့မျက်နှာလှလှလေးမှာ ထင်ဟပ်ပေါ်လွင်နေတယ်....."

"ဖွင့်ပြောလိုက်ပြီထင်တယ်.....ခွင်းက စကားနည်းနည်းပဲပြောပြီး ခေါင်းကအပေါ်မော့မလာတော့ဘူး....

ကြည့်ရတာ ရှက်နေလို့ထင်တယ်.......

ဟုတ်လောက်တယ် ငါ့တုန်းကလည်းအဲ့လိုပဲ....ဟိဟိ

အရေးထဲ ကြော်ငြာ ဝင်တဲ့သူကတစ်မှောင့်........

ငါတို့စတုန်းကတော့ မဟုတ်ဘူး မင်းတို့လိုက်မစစမ်းနဲ့....စောင့်ကြည့်လိုက်....ဘာညာလျှောက်ရွှီးနေတာ....အခုကျတော့ ငါတို့ကိုအသိသက်သေအနေနဲ့ခေါ်ထားပြီး proposeလုပ်သွားတာ......

ဟုတ်တယ် ငါတို့တုန်းက ကုန်ခဲ့သမျှမုန့်ဖိုးအတိုင်း နေလင်းပြန်ဝယ်ကျွေးရမယ်

You right my friend
ထောက်ခံတယ်

ဒါနဲ့ ငါတို့ကပြန်သွားလို့ရပြီမလား
ဒီနားမှာ မတ်တပ်ရပ်ချောင်းနေရတာ ခြေညောင်းလာပြီ

ခဏစောင့်ဦး တော်ကြာ အချိန်ကောင်းမှ ရောက်လာလို့ နေလင်း ဒေါပွနေဦးမယ်

ခြေထောက်ရှည်မိပြီးလိုက်လာမိတာ ခံပေါ့ခန့်ညားဘုန်းရေ

ဒီလဒကနားကိုညည်းတယ်...နှင်းခက်အစားရင်လေးတယ်

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now