နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-8

53 1 0
                                    

ညက မေမေ့ကြောင့် သူ့ကိုရင်းနှီးမှုမပျက်ပေမယ့် အရင်လို ညအိမ်ကိုလာတာတွေ၊သွားခေါ်တာတွေကို ညက တားမြစ်လိုက်တယ်.....သူ့အိမ်ကိုလည်း သူငယ်ချင်းတွေအားလုံးလာမှသာ ညကလိုက်လာတာ ညနဲ့ပက်သက်ပြီး သူထပ်သိလာရတာက ညဟာ မာနကြီးတဲ့မိန်းကလေးတစ်ယောက်ဆိုတာကိုပဲ

"ည.....ည.....ငါ့ကိုသမိုင်းမှတ်စုစာအုပ်ခဏငှားပါလား

အင်းရတယ်လေဂုဏ် ဒီမှာ ယူလိုက်

ကျေးဇူး ညရေ

ရတယ် ဂုဏ် "

ညက သူ့ကိုစာအုပ်ငှားပေးပြီး သူမတွက်လက်စ ပုဒ်စာကိုဆက်တွက်နေတယ်.......

ကာယဆရာမအချိန်မို့ အတန်းသားအားလုံး ကိုယ့်နေရာမှာကိုယ်ထိုင်ပြီးစာလုပ်တဲ့သူကလုပ်၊သူငယ်ချင်းရှိတဲ့ထိုင်ခုံမှာသွားထိုင်ပြီး စကားများတဲ့သူကများနဲ့ ရှိနေကြတယ်။

သူတို့အတန်းထဲကို အတန်းကြီးကျောင်းသား၅ယောက်  ဝင်လာပြီး အားလုံးကို ခဏငြိမ်ပေးဖို့ပြောလာတယ်။

"အားလုံးပဲ ခဏလောက်ငြိမ်ပေးပါဗျ
အစ်ကို မင်းတို့ကို ပြောစရာရှိပါတယ်"

အကုန်ငြိမ်သွားတဲ့အချိန်မှာ..........

"အစ်ကိုတို့ထ(၂)ကိုယ်စားပြုအနေနဲ့ လူရည်ချွန်၊ဘာသာရပ်ကိုယ်စားပြုထူးချွန်စာမေးပွဲတွေကို အတန်းလိုက်ဖြေဆိုဖို့ လူစာရင်းလာကောက်တာပါခင်ဗျ

မင်းတို့ထဲက ဖြေဆိုချင်တဲ့သူများက အစ်ကို့ကိုအခုစာရင်းလာပေးပါ......

သြော် လူရည်ချွန်ဖြေဖို့ကိုတော့ ကျောင်းအုပ်ဆရာကြီးက အစ်ကို့ကို ဆရာကြီး ရွေးချယ်ထားတဲ့လူစာရင်းပေးလိုက်ပါတယ်
အစ်ကို စာရင်းရွတ်ပြပြီးရင် အစ်ကိုနဲ့အတူ ကျောင်းအုပ်ကြီးရုံးခန်းသို့တစ်ခါတည်းလိုက်ခဲ့ပေးပါ........

"မောင်ခန့်ညားဘုန်း
မောင်သွင်ထက်ယံ
မောင်နေဂုဏ်ရှိန်လင်း
မောင်သန့်ထက်ကို

မညသံသရာခွင်း
မမေနှင်းခက်
မသမုနွယ်လွင်
မရွှန်းရည်မိုး"

ဒီညီလေး၊ညီမလေးတွေက အစ်ကိုနဲ့လိုက်ခဲ့ပေးပါ.....

အခုသူတို့အတန်းကို စာရင်းလာကောက်နေသူများကတော့ အရင်နှစ်ကလူရည်ချွန်ပထမဆုရခဲ့တဲ့အစ်ကိုနဲ့ဘာသာရပ်ကိုယ်စီထူးချွန်ဆုရရှိထားတဲ့စီနီယာအစ်ကိုတွေပါပဲ...........

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now