Part-56

43 2 0
                                    

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား
Part-56

""တီခိုင်ဖြင့် အိပ်လို့တောင်မပျော်ဘူးသမီးရယ်
သမီးတို့ကို ဆက်သွယ်လို့လည်းမရ....ကားအက်စီးဒန့်ဖြစ်တဲ့သတင်းကို ကြားလိုက်ရတော့ တီခိုင့်မှာဆောက်တည်ရာမရပဲ.........

သားကိုအခုလိုပြန်တွေ့ရလို့ မေမေသိပ်ဝမ်းသာတာပဲ....သားတို့ကားအက်စီးဒန့်ဖြစ်တဲ့သတင်းကိုကြားကြားချင်း မေမေတို့လိုက်လာပြီးစုံစမ်းပေမယ့် ရဲတွေက သားတို့အလောင်းကို သားရဲကောင်တွေဆွဲသွားပြီလို့ ပြောတယ်
ဒါပေမယ့် မေမေတို့မယုံခဲ့ဘူး
ရဲတွေကလက်လျှော့ချင်ပေမယ့် မေမေတို့က လုံးဝလက်မလျှော့ခဲ့ဘူး

သားတို့ကားအက်စီးဒန့်ကရိုးရိုးသာမန်အက်စီးဒန့်မဟုတ်ဘူး

ဟုတ်တယ် ဖေဖေ
သားတို့ ကားမောင်းနေရင်း ရှေ့ကနေ တည့်တည့်ဝင်လာတာ
ဘယ်လိုရှောင်ရှောင်မရဘူး
သားတို့ကားအက်စီးဒန့်ဖြစ်ပြီး လုံးဝသတိမေ့နေခဲ့တာ
"မရတ္တ"ရွာသားတွေ သားတို့ကိုလာခေါ်ပြီး ဆေးကုသပေးခဲ့လို့ အခုလိုအသက်ရှင်ခဲ့တာ

တော်ပါသေးရဲ့ အခုလိုကူညီပေးခဲ့လို့ အဲ့ဒီရွာသားတွေကိုကျေးဇူးတင်လိုက်တာ

တီခိုင်တို့သွားပြီး ကျေးဇူးတင်စကားပြောရင်း "မရတ္တ"ရွာလေးအတွက် လိုအပ်တာတွေကူညီပေးချင်တယ်သမီး"

အဘွားမိုင်ပွန်ကမှာထားတယ်
ရွာကို သူမတို့ကလွဲရင် တခြားဘယ်သူ့ကိုမှခေါ်မလာရဘူးလို့....
အကယ်၍ ခေါ်လာခဲ့ရင် သူမတို့မှတ်ဉာဏ်ထဲက လမ်းတွေကိုဖျောက်ဖျက်ပစ်ရလိမ့်မယ်လို့ သတိပေးထားတယ်

"ရတယ်တီခိုင် အဘွားမိုင်ပွန်က မလိုအပ်ဘူးလို့ပြောထားတယ်
သူတို့ရွာကို သူစိမ်းလာတာမကြိုက်ဘူးလို့ပြောတယ်

ဟုတ်လား အဲ့လိုဆိုတော့လည်း ရပါတယ်ကွယ်
တီခိုင် အမြဲတမ်း "မရတ္တ"ရွာလေးအတွက် မေတ္တာပို့ပေးမယ်
သားနဲ့သမီးကို တီခိုင်တို့ဆီပြန်လာနိုင်အောင် ကူညီစောင့်ရှောက်ပေးခဲ့လို့

ညသံသရာခွင်း မင်းရောအဆင်ပြေရဲ့လား

ဟုတ်ကဲ့ ပြေပါတယ် အန်တီခက်ဂုဏ်လင်း

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now