Part-48

42 1 0
                                    

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား
Part-48

~~~~~~~~~~~

"" ကျွန်တော် မေမေနဲ့မပက်သက်ချင်တော့ဘူး

သြော် မွေးရကျိုးနပ်တဲ့သားပဲ
မင်းကမင်းချစ်တဲ့အဲ့မိန်းကလေးကိုပဲ မင်းမျက်လုံးထဲမြင်တော့တာလား
ဒီအမေကိုမင်းကစွန့်လွှတ်နိုင်ပြီပေါ့လေ

စွန့်လွှတ်တာမဟုတ်ဘူး
မပက်သက်ချင်တော့တာပါ

မနက်ဖြန် မေသက်လွင်နဲ့စေ့စပ်ပွဲ တရားဝင်ဖျက်သိမ်းကြောင်း ကြေညာချက်ထုတ်မှာ

မရဘူးနော် လုံးဝအဲ့လိုလုပ်လို့မရဘူး

မေမေ့သဘောကိုနားထောင်ဖို့ပြောတာမဟုတ်ဘူး
အသိပေးတာ.....ကျွန်တော့်စိတ်ကြိုက်ဆက်လုပ်မှာမို့ မေမေ့စကားကအရာမရောက်ဘူး

မေမေ့မှာအခက်အခဲတွေရှိတာမင်းသိလို့လားသားငယ်

ဘာလဲ ဘာအခက်အခဲရှိနေတာလဲ

မေမေ အတင်းအကြပ် သားသဘောမတူတဲ့ကြားကနေစေ့စပ်ဖို့ကြိုးစားခဲ့တာက မေသက်လွင်မိဘတွေဆီမှာ မေမေအကြွေးတင်နေလို့ပဲ

ဗျာ

ဟုတ်တယ် သားပြင်ဦးလွင်မှာကျောင်းတက်နေတဲ့အချိန်မှာ မေမေ ရတနာဆိုင်တွေထပ်ပြီးတိုးချဲ့ခဲ့တယ်
အဲ့ကရတဲ့ဝင်ငွေကို Export Company တစ်ခုမှာ ရင်းနှီးမြုပ်နှံခဲ့ပေမယ့် အဲ့Companyက သေချာအကွက်ချပြီး ရင်းနှီးမြုပ်နှံသူတွေရဲ့ငွေတွေကို လိမ်သွားခဲ့တာ

ဒီအကြောင်း မင်းကိုယ့်ကိုဘာလို့ပြောမပြခဲ့တာလဲခက်

အဲ့အချိန်တုန်းက ဘယ်သူ့ကိုမှပြောမထွက်ခဲ့ဘူး
ကိုနေမင်းကလည်း လုပ်ငန်းအသစ်နဲ့အရမ်းအလုပ်ရှုပ်နေတာ ခက် ကိုနေမင်းကို ပြောမပြရဲခဲ့ဘူး
အဲ့လိုအလိမ်ခံရတဲ့အတွက် မေမေ့ဆိုင်တွေဆက်ပြီးရပ်တည်ဖို့ ငွေမလောက်တော့ဘူး
ဝန်ထမ်းတွေအတွက် လစာပေးဖို့အခက်အခဲပါဖြစ်လာတာ ဒါ့ကြောင့် လွှမ်းသက်ချိုနဲ့ကိုဟန်းမင်းသန့်တို့ဆီက ငွေချေးခဲ့ရတယ်
အတိုးနဲ့ ချေးတာမို့ ပြန်ဆပ်ရမယ့်ပမာဏကြီးတယ်
မေမေ့ဆိုင်တွေ ပြန်အဆင်ပြေသွားတဲ့အချိန်မှာ ချေးငွေပမာဏက နဂိုပမာဏထက် များလာခဲ့တယ်

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now