Part-46

67 2 0
                                    

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား
Part-46

~~~~~~~~~~~

""ဘယ်လို မင်းပြောတာက

ငါ့နှလုံးသားကိုအပိုင်ယူသွားတဲ့မိန်းကလေးက အနီရောင်ဝတ်စုံနဲ့မိန်းကလေးပဲ ဖီးနစ်

ဒါ့ကြောင့် မင်းဘယ်မိန်းကလေးကိုမှစိတ်မဝင်စားခဲ့တာလား
မင်းအနားမှာ လှပတဲ့ရောင်စုံပန်းလေးတွေဝဲနေပါရဲ့နဲ့ ရေခဲတမျှ အေးစက်နေခဲ့ရတဲ့တရားခံက Babyသူငယ်ချင်းပေါ့လေ

ငါ့ဆီမှာ နှလုံးသားကျန်ခဲ့လည်း ငါချစ်တာ ညကိုပဲ ငါ့စိတ်အာရုံကိုစိုးမိုးထားနိုင်တာကလည်း ညပဲ

ဒါဆို မင်းအခုထိသူမကိုချစ်နေတုန်းပဲပေါ့

ညကို ငါတစ်ရက်မှမမေ့ခဲ့ဘူးဖီးနစ်""

နေဂုဏ့်စကားထဲမှာ အဓိပ်ပါယျမြားစှာပါဝငျနတေယျ
တစ်ရက်မှမေ့မရခဲ့ဘူးဆိုတာ အမြဲချစ်နေခဲ့တယ်လို့ဆိုလိုတာပဲ
သူ့ကို ထိုမိန်းကလေးနဲ့ပက်သက်ပြီးပြောပြခဲ့ပေမယ့် သဝန်တိုလွန်းလို့ ဓာတ်ပုံလေးပြပါဆိုတာကို မပြဘူး
အခုမှ အကြောင်းတိုက်ဆိုင်လို့ ထိုမိန်းကလေးကိုမြင်ဖူးတာ

""ဒါဆို မင်းအခုဘယ်လိုလုပ်မှာလဲ နေဂုဏ်

ဘာကိုဘယ်လိုလုပ်ရမှာလဲ ညနဲ့ငါက ပြန်ဆုံစည်းဖို့အခွင့်အရေးမရှိတဲ့သူတွေ

ဘယ်လို

ငါတို့နှစ်ယောက်စလုံး အမုန်းတွေမရှိပဲလမ်းခွဲခဲ့ရတာ
ဘေးပယောဂတွေကြောင့်လေ အဲ့ထဲမှာအဆိုးဆုံးက ငါ့အမေနဲ့သူ့ရဲ့တစ်ဖက်သက်သဘောတူထားတဲ့မေသက်လွင်ဆိုတဲ့မိန်းကလေးကြောင့် ညကငါ့ကိုလမ်းခွဲပေးဖို့တောင်းဆိုခဲ့တာ
အဲ့အချိန်တုန်းကဆို ငါသေမတတ်ပဲဖီးနစ် သိပ်ချစ်ရတဲ့မိန်းကလေးနဲ့ဘာမှမသက်ဆိုင်တော့ဘူးဆိုတဲ့ခံစားချက်က ငါ့ကိုသေမတတ်နာကျင်စေတယ်
နောက်ပြီး သူမအနာကျင်ရဆုံးအချိန်မှာငါမရှိပေးနိုင်ခဲ့ဘူး
ညရဲ့အဘွား ဆုံးသွားတာကိုငါမသိခဲ့ဘူး သိလိုက်ရတဲ့အချိန်မှာ အရာအားလုံးက ပြီးဆုံးသွားခဲ့ပြီ
ပိုပြီး နာကျင်စေခဲ့တာက ဘာလဲသိလားဖီးနစ်
ငါစေ့စပ်တဲ့နေ့နဲ့ ညရဲ့အဘွား ဆုံးသွားတာက တစ်ရက်တည်းပဲ

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now