Part-17

56 1 0
                                    

"**********
............

"ညရေ....ည.....

အယ် ဂုဏ့် ဘာကိစ္စလဲ

အရင်ဆုံး ငါ့ကို ခြံထဲ ပေးဝင်ပါလား....လမ်းလျှောက်လာတာ နေပူတယ်ဟ

စက်ဘီးစီးလာပါလားဟယ်....ကိုယ့်ဘာကိုယ် ရှည်ပြီး လမ်းလျှောက်လာပြီးတော့ ညည်းနေတယ်

လမ်းက ကပ်ရပ်ကို စက်ဘီးယူလာမနေတော့ဘူး

ခဏနေဦး ငါခြံတံခါးသော့ခတ်ထားတာ သော့သွားယူလိုက်ဦးမယ်

အင်းအင်း မြန်မြန်တော့ သွားယူနော်ည

အေးပါဟာ ခဏလေး

ကဲရပြီ ခြံထဲဝင်

ဟူး.....အခုမှ အပူသက်သာတော့တယ်.....

နင်ထီးဆောင်းလာတာပဲဂုဏ်ရယ်

ထီးဆောင်းပေမယ့်လည်း နေပူထဲကနေလာတာ ပူတယ်ဟ

ဟားဟားဟား.......

ရယ်မနေနဲ့ ည

ကဲပြောပါဦး နင်လာရင်းကိစ္စကို

ဒါနဲ့ အိမ်မှာ အဘွားနဲ့အန်တီခိုင်ကိုလည်း မတွေ့ပါလား ဘယ်သွားတာလဲ

ကော်ဖီခြံတွေသွားကြည့်တယ်.....အဘွားကိုစိတ်မချလို့ အန်တီခိုင်ကိုခေါ်သွားခိုင်းတာ

သြော် ဒါ့ကြောင့် နင်သော့ခတ်ထားတာကို

အင်းဟုတ်တယ်

ပိတောက်ပင်ကအဖူးတွေကျန်သေးတာပဲနော်ည ငါအပြန်ခူးသွားဦးမယ်

နင်တို့နော် ငါ့အိမ်က ပိတောက်ပင်ကိုပဲလာလာထိနေတာ ပိုင်ရှင်ဖြစ်တဲ့ ငါကမခူးရဘူး သူတို့အတွက်ပဲ ခူးပေးနေရတာ အလုပ်မဟုတ်တော့ဘူးနော်

ညကလည်း နင့်အိမ်က ပိတောက်ကလှတာကိုးဟ နောက်ပြီး မွှေးလည်းမွှေးတယ် တခြား ပိတောက်ပင်တွေနဲ့မတူဘူး

ဟားဟား ပိတောက်ပန်းလိုချင်တိုင်း မျိုးတူပိတောက်ကို စာဖွဲ့မနေပါနဲ့

ဟားဟ ရမလားလို့ပါဟာ

မရဘူး

အေးပါဟာ"

"ည.......မုန့်တီသွားသောက်ရအောင်

ဟမ်......

မုန့်တီသွားသောက်မယ်လို့......

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now