Part-40

55 3 0
                                    

""ဂုဏ် အပေါ်ထပ်ကနေဆင်းလာတော့ ဧည့်ခန်းမှာ မိသားစုဝင်တွေအားလုံးရှိနေတယ်

သားငယ် သည်ကိုလာပါဦး မေမေ သားကို ပြောစရာရှိတယ်

သားကို ပြင်ဦးလွင် ပြန်လို့ရပြီ မေမေ့ကျန်းမာရေးစိတ်ချလို့ရပြီဆိုတာကလွဲရင် ကျန်တာနားမထောင်ချင်ဘူး သားခြံထဲဆင်းမလို့ ခွင့်ပြုပါဦး

နေဂုဏ်ရှိန်လင်း မင်းကို မေမေခေါ်နေတယ်လေ အခုလာထိုင်စမ်း

ခက် သားကိုအေးဆေးနေခွင့်ပေးစမ်းပါ ရန်ကုန်ပြန်ရောက်ကတည်းက သားမျက်နှာဘယ်လိုမှမလန်းဆန်းဘူး အမြဲ တမှိုင်မှိုင်တထွေထွေနဲ့ မင်းသားအခြေအနေကိုမင်းသိရဲ့လား

ကိုနေမင်း ရှင်အသာနေစမ်းပါ ကျွန်မစီစဉ်ထားတဲ့ကိစ္စကိုပျက်စေမယ့်စကားတွေထပ်မပြောပါနဲ့

ဟ သားကလူနော်ခက် သက်မဲ့မဟုတ်ဘူး အရာရာ မင်းစိတ်သဘောအကျလိုက်မစွပ်ဖက်နဲ့ခက် ကြာရင် မင်းသားက မင်းကို စိတ်နာသွားလိမ့်မယ်

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက သားရဲ့အမေ ကျွန်မမှာ စွပ်ဖက်ပိုင်ခွင့်ရှိတယ်

မင်းကပြောလေဆိုးလေပါလားခက်

ဒီမှာ သား မေမေ့ကျန်းမာရေးက စိတ်ဆင်းရဲလို့မရဘူးဆိုတာသားသိပါတယ်နော်
အဲ့တော့ မေမေစီစဉ်တဲ့အတိုင်းနာခံပါ

ဘာလဲ မေမေ ဘာကိုနာခံရမှာလဲ

သမီး မေသက်လွင်နဲ့စေ့စပ်ပွဲကို သည်အပတ်Mondayမှာကျင်းပမယ်

မရဘူးနော်မေမေ သားလက်မခံဘူး သားမှာသားချစ်ရသူရှိတယ် သူကလွဲရင် ဘယ်သူ့ကိုမှ သားနဲ့သက်ဆိုင်ပါတယ်ဆိုတာကို လူအများသိအောင် ကြေညာခွင့်မပေးနိုင်ဘူး

ညသံသရာခွင်းကိုမေမေလုံးဝသဘောမကျဘူး
လက်မခံဘူး မိဘမဲ့ကလေးတစ်ယောက်က ဘယ်လောက်အထိအကျင့်စာရိတ္တကောင်းနိုင်မှာမို့လဲ
ဘွားအေတစ်ယောက်တည်းကပဲပြုစုပျိုးထောင်လာတဲ့ကလေးက အဖက်ဖက်ကပြည့်စုံမှုရှိနိုင်ပါတယ်လို့သားထင်သလား

ညက လိမ္မာရေးခြားရှိပြီး ထက်မြက်တဲ့မိန်းကလေးတစ်ယောက်ပါ
အဘွားကပဲ ပြုစုပျိုးထောင်လာတဲ့ကလေးဆိုပေမယ့် မိစုံဖစုံနေရတဲ့သူတွေထက် သိတတ်မှုရှိတဲ့မိန်းကလေးပါ
ကြင်နာတတ်တယ် စိတ်ထားကောင်းတယ် သူတပါးကိုသနားညှာတာစိတ်ရှိတယ် လူကြီးသူမတွေအပေါ် ရိုသေမှုရှိတယ် ထက်မြက်တယ် ချစ်စရာကောင်းတယ် ဘယ်နားကများလိုအပ်ချက်ရှိနေလို့လည်းမေမေ
စည်းစိမ်လား အခုအဘွားနံ့သာခွင်းရဲ့ပိုင်ဆိုင်မှုတွေအပြင် ညရဲ့ဆုံးပါးသွားတဲ့မိဘနှစ်ပါးကထားပေးခဲ့တဲ့ ပိုင်ဆိုင်မှုတွေအားလုံးပေါင်းရင် သားတို့ထက် မြင့်ပါသေးတယ်
ဘယ်လိုပေတံနဲ့ ပြည့်စုံပါတယ်ဆိုတာကို တိုင်းတာချင်သေးတာလဲမေမေ

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now